ဇာတ်ကားများ ရွေးရန်

Soulmate

2023ဇာတ်ကားအမှတ် 7.2/10124 မိနစ်

မီဆိုနဲ့ ဟာအွန်းတို့ဟာ ငယ်ငယ်ကတည်းက ဆယ်ကျော်သက်အရွယ်အထိ အတူကြီးပြင်းလာကြတဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ပါ။ တစ်ယောက်မရှိရင် တစ်ယောက်မနေနိုင်လောက်အောင် ရင်းနှီးကြပြီး အတောက်ပဆုံးဖြစ်ခဲ့တဲ့ ၁၇ နှစ်အရွယ်ကိုလည်း အတူဖြတ်သန်းခဲ့ကြတယ်။ ဒါပေမဲ့ ၂၇ နှစ်အရွယ်မှာတော့ အဲဒီအချိန်တွေကို လွမ်းနေရပြီဆိုတဲ့ စကားနဲ့ သူတို့နှစ်ယောက်ရဲ့အကြောင်းကို မိတ်ဆက်ထားပါတယ်။ သူတို့ရဲ့ဘဝထဲကို ဟန်ဂျင်ဝူးဆိုတဲ့ ကောင်လေးတစ်ယောက် ဝင်လာတဲ့အခါ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း ဖြစ်လာတော့မယ်။ ငယ်သူငယ်ချင်းနှစ်ယောက်ရဲ့ သံယောဇဉ်နဲ့ အချစ်ရေးကို အေးအေးဆေးဆေး ပြောပြထားတဲ့ ဒရာမာဇာတ်ကားပါ။ တရုတ်ရုပ်ရှင် Soulmate ကို ပြန်လည်ရိုက်ကူးထားပြီး Our Beloved Summer ထဲက Kim Dami၊ Our Blooming Youth ထဲက Jeon SoNee နဲ့ 20th Century Girl ထဲက Byun WooSeok တို့ အဓိကပါဝင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း