ဇာတ်ကားများ ရွေးရန်

Blue Bayou

2021ဇာတ်ကားအမှတ် 7.5/10117 မိနစ်

IMDb Rating - 7.2/10 ၂၀၂၁ ထွက် Drama ကားကောင်းလေးကို cm ပရိတ်သတ်များအတွက် တင်ဆက်ပေးချင်ပါတယ်။ အညွှန်း − သူ့နာမည်က အန်တိုနီယိုလဘလန့်စ်။ ငယ်စဥ်ကတည်းက ကိုရီးယားနိုင်ငံကနေ အမေရိကန်နိုင်ငံကို မွေးစားခံရပြီးရောက်လာရတဲ့သူ။ ဒါပေမဲ့ အခုထိနိုင်ငံသားမဖြစ်သေးပဲ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ (သို့)ဒုက္ခသည်အဖြစ်နဲ့ပဲနေနေရတဲ့သူက ကတ်သီဆိုတဲ့အမျိုးသမီးနဲ့အတူနေပြီး ပျော်ရွှင်တဲ့မိသားစုဘဝကို ကြိုးစားထူထောင်နေတာပေါ့။ ဒါပေမယ့် ကံတရားဆိုတာဟာ အမြဲတမ်းအဆိုးနဲ့အကောင်းဒွန်တွဲနေတတ်တာပဲ မဟုတ်လား။  ဒီတော့ ကံစေရာသွားနေရတဲ့ဘဝမှာ ဘလန့်စ်တစ်ယောက်လည်း အဆိုးအကောင်းကိုကြုံတွေ့ ရပြီပေါ့။ အဲ့တော့ . . . ဇာတ်လမ်းအကြောင်းအရာကို ပေါ်လွင်စေသွားနိုင်တာမို့ အညွှန်းကိုဒီလောက်ပဲပြောပါစေ . တစ်ခြားဆက်ပြောချင်တာက ဒီဇာတ်ကားထဲက character တွေရဲ့ သရုပ်ဆောင်မှုတွေဟာ ပိရိသေသပ်လှပြီး၊ ပျော်ရွှင်ခြင်း . ရယ်မောခြင်းတွေကို အလှည့်ကျရိုက်ပြသွားတာဟာလည်း ဇာတ်လမ်းကို ဟာကွက်မရှိဖြစ်စေပါတယ်။ IMDb Rating အနေနဲ့လည်း 7.2/10 ရရှိထားတဲ့ Drama ကားကောင်းလေးမို့ အကုန်လုံးကို ကြည့်စေချင်တဲ့စိတ်နဲ့ တင်ဆက်ပေးလိုက်ပါပြီ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chite Tee မှရေးသားပေးပြီး။ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။) Quality – 1080p, 720p, 360p WebRip Duration - 1hr 57min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama Source : 1080p.WebRip Translator – CM Team Encoder – SWM

ဇာတ်လမ်းအကြောင်း