ဇာတ်ကားများ ရွေးရန်

O Kala

2023ဇာတ်ကားအမှတ် 7.0/10120 မိနစ်

ဟာရီကာဟာ စိတ်ဓာတ်ကျပြီး ကိုယ့်အသက်ကိုယ် အဆုံးစီရင်ဖို့အထိ တွေးနေတဲ့ မိန်းကလေးတစ်ယောက်ပါ။ အဲဒီလိုအချိန်မှာ အကြောင်းတစ်ခုကြောင့် ဘားတစ်ခုကို သွားဖြစ်ရင်း ဟာရှာဆိုတဲ့ ကောင်လေးနဲ့ တွေ့ခဲ့တယ်။ နှစ်ယောက်သား ကိုယ့်ဘဝအကြောင်းတွေ အပြန်အလှန် ပြောပြကြရာက ဟာရီကာရဲ့ နောက်ကြောင်းကို သိလာရပါတယ်။ အရင်က ဟာရီကာဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး စွန့်စားလိုစိတ်လည်း ပြည့်နေတဲ့ လူငယ်တစ်ယောက်။ အတန်းဖော်တစ်ယောက်နဲ့ ကုမ္ပဏီတည်ထောင်ခဲ့သလို အတူလုပ်ကိုင်ရင်း နှစ်ယောက်သား ချစ်သူတွေပါ ဖြစ်လာခဲ့ကြတယ်။ အချစ်ရေးရော အနာဂတ်အတွက်ပါ အဆင်ပြေနေရာက မမျှော်လင့်ထားတဲ့ အဖြစ်ဆိုးတစ်ခုနဲ့ ကြုံလိုက်ရတာပါ။ ဟာရီကာ ဘာတွေကြုံခဲ့ရပြီး ဘယ်လိုရင်ဆိုင်မလဲ။ သူရင်ဖွင့်သမျှကို စိတ်ရှည်ရှည်နားထောင်ပေးနေတဲ့ ဟာရှာမှာရော ဘယ်လိုနောက်ကြောင်းတွေ ရှိနေမလဲ၊ သူ့အနားကို ဘာရည်ရွယ်ချက်နဲ့ ရောက်လာတာလဲဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။ Deepak Kolipaka ရိုက်ကူးထားတဲ့ တေလဂူအချစ်ဇာတ်ကားဖြစ်ပြီး Gourish Yeleti နဲ့ Roshni Sahota တို့ အဓိကသရုပ်ဆောင်ထားပါတယ်။ Roshni Sahota ကတော့ “လေဆန်တိုးမယ့်မညှိုးပန်း” ထဲမှာ စောမြရဲ့ညီမအဖြစ် ပါဝင်ခဲ့သူပါ။

ဇာတ်လမ်းအကြောင်း