ဇာတ်ကားများ ရွေးရန်

Killerman

2019ဇာတ်ကားအမှတ် 6.3/10112 မိနစ်

ရတနာကုန်သည်လည်းဖြစ်၊ ငွေကြေးခဝါချသူလည်းဖြစ်တဲ့ မိုးဒိုင်းမွန်းဟာ သူငယ်ချင်း စကန့်နဲ့အတူ ငွေကြေးပမာဏကြီးတဲ့ အလုပ်တစ်ခုကို လက်ခံထားပါတယ်။ အလုပ်အပ်သူက စကန့်ရဲ့ဦးလေးပါ။ အလုပ်မပြီးသေးခင်မှာပဲ ဦးလေးက ပိုက်ဆံကို ခဏသိမ်းထားပြီး အလုပ်ကိုလည်း ဆိုင်းထားဖို့ ပြောလာတယ်။ စကန့်ကတော့ လက်ထဲရောက်နေတဲ့ ဦးလေးရဲ့ငွေကိုသုံးပြီး မူးယစ်ဆေးအရောင်းအဝယ် လုပ်ဖို့ ကြံလိုက်ပါတယ်။ အရောင်းအဝယ်လုပ်နေတုန်း ရဲတွေရောက်လာလို့ ထွက်ပြေးကြရာက ကားမတော်တဆမှု ဖြစ်သွားတယ်။ အဲဒီဖြစ်ရပ်ကြောင့် မိုး အတိတ်မေ့သွားပြီး သူတို့လုပ်ထားသမျှလည်း အလွဲလွဲအချော်ချော် ဖြစ်ကုန်တော့တာပါ။ Liam Hemsworth ပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင်၊ မှုခင်းနဲ့ သည်းထိတ်ရင်ဖိုဇာတ်ကား ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း