Until Tomorrow
မိန်းကလေးတစ်ယောက်ဟာ သူ့ချစ်သူနဲ့ ကိုယ်ဝန်ရလာတဲ့အခါ ဖျက်ချဖို့ ပြောခံခဲ့ရပေမယ့် ကလေးကို မွေးဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။ ကျောင်းလည်းထွက်လိုက်ရပြီး ကလေးအတွက် ကိုယ့်အားကိုယ်ကိုး ရုန်းကန်ရှာဖွေနေရတယ်။ ဒီနောက်ကြောင်းတွေကို ဇာတ်ဝင်ခန်းတွေနဲ့ တိုက်ရိုက်ပြထားတာမဟုတ်ဘဲ စကားပြောခန်းတွေနဲ့ သူ့လက်ရှိဘဝအခြေအနေကနေ သိလာရတာပါ။ အီရန်မှာ နေထိုင်တဲ့ ဒီမိန်းကလေးဟာ ကလေးရှိနေတဲ့အကြောင်းကို မိဘတွေကို အသိပေးလို့မရသလို ပတ်ဝန်းကျင်ရဲ့ အပြစ်တင်မှုကိုလည်း ခံနေရပါတယ်။ အဲဒီကြားထဲ မိဘတွေက သူ့ဆီ တစ်ရက်လာလည်မယ်ဆိုတော့ ကလေးကို ခဏထိန်းပေးမယ့်သူ ရှာရတော့တယ်။ တစ်ရက်လေးအတွက် အကူအညီတောင်းရတာပေမယ့် သူ့အတွက်တော့ မလွယ်ပါဘူး။ ဇာတ်လမ်းတစ်လျှောက်လုံးမှာ သူ့ကလေးကို တစ်ရက်တာ ထိန်းပေးဖို့ အသိမိတ်ဆွေတွေဆီ လှည့်လည်အကူအညီတောင်းနေရတဲ့ မိခင်တစ်ယောက်နောက်ကို လိုက်ကြည့်ရပါတယ်။ ငြင်းပယ်သူတွေက ဘာအကြောင်းပြချက်တွေ ပေးကြမလဲ၊ ကူညီမယ့်သူ ရှာတွေ့ပါ့မလား။ ကလေးငယ်ကို သူစိမ်းတစ်ယောက်လက်ထဲ ထားခဲ့ရမယ်ဆိုရင် မိခင်တစ်ယောက်အနေနဲ့ ဘယ်လိုခံစားရမလဲဆိုတာကိုလည်း တွေးမိစေတယ်။ တစ်ရက်တာအတွင်း ဇာတ်အိမ်တည်ထားတဲ့ ဒီအီရန်ဒရာမာမှာ ဖိနှိပ်ကန့်သတ်မှုတွေကြားက အမျိုးသမီးတစ်ယောက်ရဲ့ အခက်အခဲနဲ့ သူများအတွက် အသေးအဖွဲလို့ ထင်ရတဲ့ကိစ္စတစ်ခုက သူ့ဘဝကို ဘယ်လောက်ထိ ထိခိုက်စေနိုင်သလဲဆိုတာ ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း