ဇာတ်ကားများ ရွေးရန်

Abduction

2011ဇာတ်ကားအမှတ် 5.9/10106 မိနစ်

နေသန်က သူငယ်ချင်းတွေနဲ့ ပျော်လိုက်ပါးလိုက်၊ မိဘတွေဆူတာ ခံလိုက်နဲ့ ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းနေတဲ့ အထက်တန်းကျောင်းသားတစ်ယောက်ပါ။ ကျောင်းကပေးတဲ့ ပရောဂျက်အတွက် ဝက်ဘ်ဆိုက်တွေမှာ အချက်အလက်ရှာရင်း ပျောက်ဆုံးသူတွေကို ဖော်ပြထားတဲ့ ဝက်ဘ်ဆိုက်တစ်ခုထဲ ရောက်သွားတယ်။ အဲဒီမှာ သူနဲ့တူတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဓာတ်ပုံကို တွေ့လိုက်ရပါတယ်။ ဓာတ်ပုံကို တွေ့ပြီးနောက် နေသန်ရဲ့ဘဝဟာ ရုတ်တရက် ကမောက်ကမ ဖြစ်လာတယ်။ အရင်လို ပျော်ပျော်နေလို့ မရတော့ဘဲ သူ့နောက်ကို လိုက်နေတဲ့ လူသတ်သမားတွေလက်ကနေ ထွက်ပြေးပုန်းရှောင်ရတဲ့အထိ ဖြစ်လာပါတယ်။ နေသန်အဖြစ် Twilight ထဲက Taylor Lautner သရုပ်ဆောင်ထားပြီး မင်းသမီးအဖြစ် Emily in Paris ထဲက Lily Collins ပါဝင်ထားပါတယ်။ အက်ရှင်၊ လျှို့ဝှက်ဆန်းကြယ်နဲ့ သည်းထိတ်ရင်ဖို အမျိုးအစားဖြစ်ပြီး ကြာချိန်က ၁ နာရီ ၄၆ မိနစ်ပါ။

ဇာတ်လမ်းအကြောင်း