Rockin' on Heaven's Door
ချွန်အွီဟာ ကိုယ့်စိတ်ထင်ရာ လုပ်တတ်တဲ့ ခပ်ဆိုးဆိုး အိုင်ဒေါအနုပညာရှင်တစ်ယောက်ပါ။ တစ်နေ့ ကလပ်မှာ ပြဿနာရှာမိရာက အပြစ်ဒဏ်အဖြစ် စေတနာ့ဝန်ထမ်းအလုပ် လုပ်ရဖို့ ဖြစ်လာပါတယ်။ သူသွားရမယ့်နေရာက နယ်မြို့လေးတစ်ခုမှာရှိတဲ့ ဒုံးဟျွန်းဆေးရုံ။ ဆေးရုံကို မုန်းတဲ့ ချွန်အွီအတွက်တော့ အဲဒီမှာ အလုပ်လုပ်ရတာအပြင် ဆေးရုံကလူတွေရဲ့ အပြုအမူတွေကိုပါ နားမလည်နိုင်ဖြစ်နေရတယ်။ နောက်ဆုံးအချိန် နီးနေတဲ့ လူနာအဘွားအိုကို အသက်ရှူစက် မတပ်ပေးတာ၊ လူနာတွေကို ဆေးလိပ်သောက်ခွင့်နဲ့ ကလပ်သွားခွင့် ပေးထားတာတွေက သူ့အတွက် ထူးဆန်းနေပါတယ်။ ဒါတွေကို သဘောမကျလို့ ဆေးရုံကနေ ထွက်သွားဖို့ ကြံတဲ့နေ့မှာပဲ စေတနာ့ဝန်ထမ်းကောင်မလေး အန်နာက နောက်ကွယ်က အကြောင်းတွေကို ပြောပြလာတယ်။ အဲဒီတော့မှ ချွန်အွီလည်း သူနားမလည်ခဲ့တဲ့ အပြုအမူတွေရဲ့ အကြောင်းရင်းကို သိလာရတာပါ။ Hong-ki Lee နဲ့ Ma Dong-seok တို့ အဓိကပါဝင်ထားတဲ့ ဟာသဒရာမာဇာတ်ကား ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း