Secret Name
၁၉၁၄ ခုနှစ် ပြင်သစ်နိုင်ငံမှာ နေထိုင်တဲ့ နေလီရဲ့ဘဝက အခက်အခဲတွေနဲ့ ပြည့်နေပါတယ်။ စားဝတ်နေရေးအတွက် ခိုးဝှက်ခဲ့ရသလို လိင်အလုပ်သမားအဖြစ်လည်း လုပ်ခဲ့ရတယ်။ အဲဒီလို လေလွင့်နေရာက ကြက်ခြေနီအသင်းနဲ့ အဆက်အသွယ်ရပြီး ဝင်ကူညီရင်း စစ်ပွဲရှေ့တန်းအထိ ခက်ခက်ခဲခဲ ရောက်လာခဲ့ပါတယ်။ တစ်နေ့မှာ နေလီက ခရီးသွားမိန်းကလေးတစ်ယောက်ကို ကယ်တင်ပေးခဲ့တယ်။ မေးမြန်းကြည့်တော့ ဖခင်ဆုံးပါးသွားလို့ ဖခင်ရဲ့မိတ်ဆွေဆီ ခိုလှုံဖို့လာတဲ့ ဆွစ်ဇာလန်သူတစ်ယောက် ဖြစ်နေပါတယ်။ ချမ်းသာတဲ့ အမျိုးသမီးကြီးတစ်ယောက်ရဲ့အိမ်မှာ စာဖတ်ပေးသူအဖြစ် လုပ်ရမှာဖြစ်ပြီး အဲဒီအမျိုးသမီးကြီးက သူ့ကို မမြင်ဖူးသေးတဲ့အတွက် ထောက်ခံစာလည်း ယူလာခဲ့တယ်။ ဒါပေမဲ့ နှစ်ယောက်သား စကားပြောနေတုန်း အမြောက်ဆန်ထိပြီး ဆွစ်ဇာလန်သူ သေဆုံးသွားပါတယ်။ သွားစရာနေရာမရှိတဲ့ နေလီက သူနဲ့ပုံစံ သိပ်မကွာတဲ့ အဲဒီမိန်းကလေးအဖြစ် ဟန်ဆောင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကြမ်းတမ်းတဲ့ဘဝကို ဖြတ်သန်းခဲ့ရပေမယ့် စာဖတ်တတ်တဲ့ နေလီဟာ အမျိုးသမီးကြီးရဲ့အိမ်ကို စာဖတ်ပေးသူအဖြစ် ဝင်ရောက်လာခဲ့ပါတယ်။ သူတစ်ပါးရဲ့အမည်နဲ့ နေရာကိုယူပြီး မုသားတွေကြားမှာ နေရတဲ့အခါ နေလီ ဘာတွေကြုံလာရဦးမလဲ။
ဇာတ်လမ်းအကြောင်း