Vacation Home Nightmare
ဒန်နီအယ်ဟာ ကွာရှင်းပြတ်စဲခြင်းကို အောင်ပွဲခံဖို့ သူငယ်ချင်းနှစ်ယောက်နဲ့အတူ အပန်းဖြေအိမ်တစ်လုံးကို ရောက်လာပါတယ်။ ငှားထားတဲ့အိမ်က အပြင်ပန်းမှာ အေးအေးချမ်းချမ်းရှိပေမယ့် တကယ်တော့ ဇနီးစွန့်ပစ်သွားခဲ့တဲ့ အတိတ်ကို မမေ့နိုင်သေးတဲ့ လူသတ်သမားတစ်ယောက်ရဲ့ ပိုင်နက်ဖြစ်နေတယ်။ အိမ်ထောင်ရေးပြိုကွဲပြီးနောက် စိတ်သစ်လူသစ်နဲ့ ပြန်စချင်တဲ့ အမျိုးသမီးတချို့ဟာ အဲဒီအိမ်ကို အနားယူဖို့ လာလေ့ရှိကြပါတယ်။ လူသတ်သမားကတော့ ဇနီးဟောင်းအပေါ် ထားတဲ့အငြိုးကို သူတို့အပေါ် ပုံချပြီး ပစ်မှတ်ထားသတ်ဖြတ်နေသူပါ။ အခု ဒန်နီအယ်လည်း သူ့ပစ်မှတ် ဖြစ်လာခဲ့ပြီ။ သရဲခြောက်လှန့်မှုထက် သာမန်လူတွေကြားမှာ ရှိနေတဲ့ လူသတ်သမားနဲ့ မမျှော်လင့်ဘဲ ကြုံလာနိုင်တဲ့ အသက်အန္တရာယ်ကို အခြေခံထားတဲ့ ဒရာမာ၊ သည်းထိတ်ရင်ဖိုဇာတ်ကားပါ။ ဒန်နီအယ်က သူ့ဆီကျရောက်လာတဲ့ အန္တရာယ်ကို ကျော်လွှားနိုင်မလား၊ ဒါမှမဟုတ် လူသတ်သမားရဲ့ နောက်ထပ်သားကောင်တစ်ယောက် ဖြစ်သွားမလား။
ဇာတ်လမ်းအကြောင်း