ဇာတ်ကားများ ရွေးရန်

Roma

2018ဇာတ်ကားအမှတ် 7.7/10135 မိနစ်

Roma (2018) IMDb - 8.3/10 Rotten Tomatoes - 96% Google Users - 88% Written and directed by Alfonso Cuar'on Alfonso Cuar'on ကတော့ Gravity နဲ့ Children of Men ကိုရိုက်ကူးခဲ့တဲ့Directorတစ်ယောက်ပါ Academy Award Winner လည်းဖြစ်ပါတယ် Roma ဟာ၂၀၁၈ရဲ့အကောင်းဆုံးရုပ်ရှင်ဇာတ်ကားလို့ ရေပန်းစားနေခဲ့တာပါ Netflix မှာလည်းပြသခဲ့ပါတယ် Time Magazine နဲ့ New York Film Critics Circle ဟာဆိုရင် ဒီ Roma ကို ၂၀၁၈ရဲ့အကောင်းဆုံး ရုပ်ရှင်ကားအဖြစ်ရွေးချယ်ခဲ့ကြပါတယ် Romaဇာတ်ကားနဲ့ရရှိခဲ့တဲ့ဆုတွေကတော့ - Golden Lion - British Independent Film Award for Best International Independent Film - New York Film Critics Circle Award for Best Director - New York Film Critics Circle Award for Best Film တို့ပဲဖြစ်ပါတယ် ဒါတောင်ကျန်ပါသေးတယ် Drama ကားကောင်းတစ်ကားလို့ညွှန်းဆိုကြပါတယ် ဇာတ်လမ်းကတော့ ၁၉၇၀ ဝန်းကျင်ကိုအခြေခံထားပြီး ဇာတ်ကားအမည် Roma ဆိုတာကတော့ မက္ကဆီကိုမြို့တော်ရဲ့ ရပ်ကွက် Colonia Romaကိုဆိုလိုတာပါ ကလီယိုဆိုတဲ့အိမ်အကူအမျိုးသမီးတစ်ယောက်ရဲ့ ဘဝကို သူနေထိုင်ရတဲ့အိမ်ရှင်မိသားစု အဲ့ဒီအိမ်ကကလေး၄ယောက်ရယ်နဲ့ ပေါ်လွင်အောင်ဖော်ပြသွားတယ် ကြင်ကြင်နာနာဆက်ဆံတတ်တဲ့ အိမ်ရှင်တွေရဲ့ စိတ်ဓာတ်ကိုလည်းမြင်ရမယ် ကလေးတွေနဲ့ကလီယိုရဲ့ ချစ်ခြင်းမေတ္တာကိုလည်းတွေ့ရမယ် ဒီကြားထဲ ချစ်သူရယ်တော့လည်းမဟုတ် သူနဲ့တွဲမိတဲ့သူပေါ့ တစ်ကိုယ်ကောင်းသမားမျိုးကိုလည်းတွေ့ရမယ် ဒီကားလေးက Realistic ဆန်တဲ့အတွက်ကြောင့် ပုံမှန်ကြည့်နေကျကားတွေလိုမျိုးတော့ မျှော်လင့်ထားလောက်စရာအဆုံးသတ်မျိုး လာမှာမဟုတ်ဘူး ဘာလို့လဲဆိုတော့ Daily Life Style လိုမျိုးမှာမှ Drama ခင်းထားလို့ပါ ရုပ်ရှင်ကားကို Thit Nyein Han က ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်

ဇာတ်လမ်းအကြောင်း