Stuart: A Life Backwards
IMDb : 8/10 Rotten Tomatoes 80 % ဒီကားလေးတော့ကျွန်တော်တို့ရဲ့စုံထောက်ကြီးရှားလော့သရုပ်ဆောင်Benedict Cumberbatchပါဝင်တဲ့၂၀၀၇ခုနှစ်ကထွက်ရှိထားတဲ့ကားလေးပါ။ အပြင်မှာတကယ်ဖြစ်ခဲ့တဲ့ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ကားလေးပါ။ Stuartဆိုတဲ့အိမ်ခြေမဲ့လူတယောက်ရဲ့ဘဝဇာတ်ကြောင်းလေးတခုကိုသေချာဖော်ပြထားပြီး ရင်ထဲမှာတခုခုကျန်သွားစေမယ့်ကားလေးဖြစ်ပါတယ်။ Guardian First Book Awardဆုရထားခဲ့တဲ့စာရေးဆရာAlexander Mastersရဲ့စာအုပ်ကိုရိုက်ကူးပုံဖော်ထားတာပါ။ ၂၀၀၀ပြည့်နှစ်တွေမှာAlexander(Benedict Cumberbatch)တယောက်လူမှုဖူလုံရေးအဖွဲ့တခုမှာဝင်လုပ်နေခဲ့ပါတယ်။ ဘာရယ်ညာရယ်ရည်ရွယ်ချက်မရှိဘဲလစာကောင်းကောင်းရတဲ့အတွက်လုပ်နေခဲ့တာပါ။ ရုတ်တရတ်ပဲအိမ်ခြေမဲ့တွေဟာထောက်ပံပေးထားတဲ့နေရာမှာမူးယစ်ဆေးခိုးပြီးရောင်းဝယ်တဲ့အတွက် အဲဒီအဖွဲ့ရဲ့ခေါင်းဆောင်တွေပေါ်အပြစ်ပုံကျလာပါတယ်။ အဲဒီကစပြီးအိမ်ခြေမဲ့တွေနဲ့တခါမှမထိတွေ့ဖူးတဲ့Alexanderတယောက်ဒီတခါတော့စတင်ဆက်ဆံရပါတော့တယ်။ အဖွဲ့ခေါင်းဆောင်တွေကိုပြန်လည်လွတ်မြောက်ဖို့အတွက်လှုပ်ရှားမှုတခုလုပ်ဖို့ အစည်းအဝေးခေါ်တဲ့ပွဲမှာAlexanderနဲ့Stuartစတင်တွေ့ဆုံခဲ့ပါတယ်။ Stuartဟာအိမ်ခြေမဲ့အရက်သမားဆေးစွဲနေသူတယောက်ပါ။ ဒီလိုနဲ့Stuartတယောက်Alexanderကိုကူညီရင်းတယောက်နဲ့တယောက်ရင်းနှီးလာပါတယ်။ အဲဒါနဲ့Alexanderတယောက်Stuartရဲ့အကြောင်းကိုစာအုပ်ထုတ်ဖို့ဆုံးဖြတ်ပြီး သူ့အကြောင်းတွေကိုတဖြေးဖြေးလေ့လာနိုင်ခဲ့ပါတယ်။ မမျှော်လင့်ပဲStuartမှာဆိုးဝါးတဲ့နောက်ခံအကြောင်းအရင်းတွေရင်နာစရာတွေကိုသိလာရပြီး တဲ့နောက်အိမ်ခြေမဲ့တွေနဲ့တခါမှမဆက်ဆံဖူးတဲ့Alexanderတယောက်ဒီတခါတော့Stuartကိုပိုမိုခင်လာရပါတော့တယ်။ Stuartအကြောင်းကိုလေ့လာရင်းအပေါ်ယံထင်ထားတာတွေနဲ့ကွဲလွဲနေတဲ့အကြောင်းလေးတွေနောက်ဆုံးသိလိုက်ရပါတယ်။ ဆိုတော့ဘယ်လိုအကြောင်းအရင်းတွေရှိနေလဲဆိုတာကြည့်လိုက်ရအောင်ဗျာ။ ဒီကားလေးကြည့်ပြီးတော့ရင်ထဲမှာတခုခုကျန်ခဲ့မယ်ထင်ပါတယ်။ တခါတလေကျွန်တော်တို့ထင်ထားတဲ့အပေါ်ယံအမြင်တွေဟာတကယ့်အဖြစ်နဲ့ပြောင်းပြန်ဖြစ်နေတတ်တာကိုမြင်ရမှာဖြစ်ပါတယ်။ ရိုးရိုးလေးနဲ့ကောင်းတဲ့ကားလေးဖြစ်ပါတယ် ဒါ့အပြင်ကျွန်တော်တို့ရဲ့အချစ်တော်ရှားလော့မင်းသားရဲ့တည်ငြိမ်နက်နဲတဲ့သရုပ်ဆောင်မှုတွေကိုမြင်ရမှာလည်းဖြစ်ပါတယ်။ (ဘာသာပြန်သူကတော့ Fridays ပဲဖြစ်ပါတယ်) File Size : 700 MB Quality : 720P HDTV Running Time : 1hr 32minutes Format : Mp4 Genre : Drama Translator : Fridays Encoder :Thanhtike Zaw
ဇာတ်လမ်းအကြောင်း