Padre Pio
ပထမကမ္ဘာစစ်ပြီးကာလ အီတလီနိုင်ငံက ကျေးရွာလေးတစ်ခုမှာ ဘာသာရေးနဲ့ နိုင်ငံရေး ရောထွေးနေတဲ့ အရှုပ်အထွေးတွေ ရှိနေပါတယ်။ အီတလီရဲ့ ပထမဆုံး လွတ်လပ်သောရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အရှုပ်တော်ပုံတွေကြားမှာ မြေရှင်လူတန်းစားတွေက ဆင်းရဲတဲ့လုပ်သားတွေကို ဖိနှိပ်ချုပ်ချယ်နေကြတယ်။ အဲဒီခေတ်ရဲ့ နိုင်ငံရေးအခြေအနေတွေနဲ့အတူ အီတလီဘုန်းတော်ကြီး Padre Pio ရဲ့အကြောင်းကို တွဲဖက်ပုံဖော်ထားပါတယ်။ ခရစ်ယာန်ဘာသာဝင်တွေ အမြတ်တနိုးထားရတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာတဲ့အထိ သူ့ရဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ လုပ်ဆောင်ချက်တွေကို ဘာသာရေးရှုထောင့်ကနေ ပြထားတာပါ။ ၂၀၂၂ ခုနှစ်ထွက် အတ္ထုပ္ပတ္တိဒရာမာဇာတ်ကားဖြစ်ပြီး Padre Pio အဖြစ် Transformers မင်းသား Shia LaBeouf က သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း