Furies
၂၀၁၉ ခုနှစ်က Fury ရဲ့ ရှေ့ကအကြောင်းတွေကို ပြန်ပြောထားတဲ့ Furies ဟာ ဗီယက်နမ် အမျိုးသမီးအက်ရှင်ဇာတ်ကားတစ်ကားပါ။ ဘီဆိုတဲ့ ကောင်မလေးဟာ လိင်အလုပ်သမတစ်ယောက်ရဲ့ သမီးဖြစ်ပြီး မိန်းမတွေကို လိင်ကျွန်လို သဘောထားတဲ့ ယောက်ျားတွေကြားမှာ ခက်ခဲစွာ ကြီးပြင်းလာခဲ့ရတယ်။ ရက်စက်တဲ့လူတစ်ယောက်ရဲ့ လက်ချက်ကြောင့် အမေနဲ့ အိမ်ကိုပါ ဆုံးရှုံးလိုက်ရတဲ့နောက် သူ့မှာ နေစရာမရှိတော့ဘဲ လမ်းပေါ်ရောက်လာပါတယ်။ လမ်းပေါ်မှာလည်း လူတစ်စုရဲ့ လိင်အကြမ်းဖက်မှုကို ခံရလုဆဲဆဲအချိန် ဂျက်ကွာလင်က သူ့ကို ကယ်တင်ပေးခဲ့တယ်။ ဂျက်ကွာလင်နဲ့အတူ လိုက်သွားရာက ဘဝတူမိန်းကလေးနှစ်ယောက်ဖြစ်တဲ့ ဟုန်နဲ့ ထန်တို့ကို တွေ့ပြီး ခင်မင်လာပါတယ်။ သူတို့နဲ့ဆုံပြီးမှ ဘီအတွက် မျှော်လင့်ချက်တချို့ ပြန်ရှိလာခဲ့တာပါ။ ဂျက်ကွာလင်ရဲ့ လေ့ကျင့်သင်ကြားပေးမှုကို ခံယူရင်း မိန်းကလေးတွေကို ရောင်းစားနေတဲ့ လူမိုက်ဂိုဏ်းနဲ့ သူတို့သုံးယောက် ရင်ဆိုင်ရဖို့ ဖြစ်လာတယ်။ ကိုယ်ယုံကြည်ရာအတွက် အသက်ကိုပါ စွန့်ဖို့ပြင်ထားကြပေမယ့် သူတို့ရွေးချယ်မယ့် လမ်းတိုင်းမှာ ပေးဆပ်ရမယ့် တန်ကြေးတွေ ရှိနေပါတယ်။
ဇာတ်လမ်းအကြောင်း