ဇာတ်ကားများ ရွေးရန်

The Stalking Fields

2023ဇာတ်ကားအမှတ် 3.0/1090 မိနစ်

စစ်မြေပြင်က ပြန်လာသူတွေရဲ့ စိတ်ဒဏ်ရာနဲ့ PTSD ကို ကုသပေးဖို့ဆိုပြီး Stalking Fields လို့ခေါ်တဲ့ အမဲလိုက်အစီအစဉ်တစ်ခု ပေါ်လာပါတယ်။ ဒီအစီအစဉ်မှာ စစ်ပြန်တွေ အမဲလိုက်ရမယ့်သူတွေက တိရစ္ဆာန်တွေ မဟုတ်ပါဘူး။ ရာဇဝတ်မှုကျူးလွန်ထားသူတွေနဲ့ ဘဝရှေ့ရေးပျောက်နေသူတွေကို ပြန်ပေးဆွဲပြီး အမဲလိုက်ကွင်းထဲ လွှတ်ပေးထားတာပါ။ နောက်ဆုံးကျန်ရစ်သူကို ဒေါ်လာငါးသိန်းနဲ့ ဘဝအသစ်စဖို့ အခွင့်အရေးပေးမယ်လို့လည်း ကမ်းလှမ်းထားတယ်။ အမဲလိုက်သူတွေထဲမှာ အာဖဂန်စစ်မြေပြင်၌ လူနှစ်ရာကျော်ကို သတ်ခဲ့တဲ့ စစ်ပြန် ဝုဒ်မန်းလည်း ပါဝင်ပါတယ်။ သူဦးဆောင်တဲ့အဖွဲ့က အမဲလိုက်ရင်း သားကောင်အဖြစ် လွှတ်ထားတဲ့ ရာဇဝတ်သားတွေကို ရင်ဆိုင်ရသလို အချင်းချင်း သစ္စာဖောက်မှုတွေနဲ့ပါ ကြုံလာရတယ်။ ဝုဒ်မန်းတို့အဖွဲ့ ဒီအခြေအနေတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာ ဆက်တွေ့ရမှာပါ။

ဇာတ်လမ်းအကြောင်း