Shine
မိုးရေထဲမှာ ဆေးပေါ့လိပ်တိုလေးကိုက်ပြီး ပြေးနေတဲ့လူတစ်ယောက်ဟာ စကားပြောရင် ဗလုံးဗထွေးဖြစ်နေသလို တစ်ခွန်းတည်းကိုလည်း ထပ်ခါထပ်ခါ ပြောတတ်ပါတယ်။ ပြောနေရင်း ရုတ်တရက်ရယ်လိုက်တတ်တဲ့ သူ့ပုံစံက ဖော်ရွေတဲ့သူတစ်ယောက်လိုပါပဲ။ လူတွေရှေ့မှာ ဖျော်ဖြေဖို့ စန္ဒရားခုံမှာ ဝင်ထိုင်ချိန်မှာတော့ အဆင်ပြေပါ့မလားလို့ ထင်စရာဖြစ်နေပေမယ့် တီးခတ်ပြီးဆုံးသွားတဲ့အခါ လက်ခုပ်သံတွေ ထွက်လာပါတယ်။ သူကတော့ စန္ဒရားပညာရှင် ဒေးဗစ်ဟပ်ဖ်ဂေါ့ပါ။ ဒေးဗစ်ဟာ ငယ်ငယ်ကတည်းက ဂီတမှာ ထူးချွန်ခဲ့ပေမယ့် ဖခင်ရဲ့ အလွန်အကျွံဖိအားပေးမှုတွေအောက်မှာ ကြီးပြင်းခဲ့ရတယ်။ ဂီတကျောင်းကို ရောက်လာချိန်မှာလည်း ဂီတကလွဲရင် နေ့စဉ်ဘဝက သာမန်အလုပ်လေးတွေတောင် သူ့အတွက် ခက်ခဲနေပါတယ်။ ခံစားချက်တွေကို စကားနဲ့ မဖော်ပြတတ်တဲ့သူ့အတွက် ဂီတကပဲ အဖော်ဖြစ်နေခဲ့တယ်။ ဖခင်ရဲ့ဖိအား၊ ဆရာပါမောက္ခရဲ့ တွန်းအား၊ ပြင်းထန်တဲ့လေ့ကျင့်မှုတွေနဲ့ အောင်မြင်မှုဒဏ်တွေကြားမှာ နောက်ဆုံး သူ့စိတ်ဟာ မခံနိုင်တော့ဘဲ ပြိုလဲသွားပါတယ်။ Shine ဟာ ဩစတြေးလျနိုင်ငံသား ဂျူးလူမျိုး ဒေးဗစ်ဟပ်ဖ်ဂေါ့ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားပြီး Geoffrey Rush က ဒေးဗစ်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒေးဗစ်တစ်ယောက် အောင်မြင်မှုလမ်းပေါ် ဘယ်လိုပြန်ရောက်လာမလဲဆိုတဲ့ ခရီးကို ဂန္ထဝင်ဂီတနဲ့ စန္ဒရားသံတွေကြားမှာ ဆက်ပြောထားတာပါ။
ဇာတ်လမ်းအကြောင်း