ဇာတ်ကားများ ရွေးရန်

Machine Gun Preacher

2011ဇာတ်ကားအမှတ် 6.7/10129 မိနစ်

ဆမ်ချီလ်ဒါးစ်ဟာ ထောင်ထဲဝင်လိုက် ထွက်လိုက်ဖြစ်နေတဲ့ လူဆိုးဂိုဏ်းဝင်တစ်ယောက်ပါ။ နောက်တစ်ကြိမ် ထောင်ကပြန်ထွက်လာတဲ့အခါ ဇနီးဖြစ်သူက ဘုရားသခင်ကို ယုံကြည်ကိုးစားပြီး အတိတ်ကအပြစ်တွေကို ဆေးကြောရင်း ဘဝသစ်စနေပြီလို့ ပြောလာတယ်။ ချီလ်ဒါးစ်ကိုလည်း အရင်လိုမနေတော့ဖို့ တိုက်တွန်းပေမယ့် သူကတော့ အကျင့်ဟောင်းတွေအတိုင်း ဆက်ဆိုးမိုက်နေဆဲပါ။ ဒါပေမယ့် မထင်မှတ်ဘဲ ဘုရားကျောင်းကို လိုက်သွားဖြစ်တဲ့နောက်မှာ သူ့လုပ်ရပ်တွေအတွက် နောင်တရလာပြီး ဘဝကို ပြန်ပြင်ချင်လာတယ်။ အဲဒီကနေ အာဖရိကကို သွားပြီး ပရဟိတလုပ်ငန်းတွေ စလုပ်ဖြစ်လာပါတယ်။ အတိတ်ကလုပ်ရပ်တွေကြောင့် သူ့ကို အထင်သေးနေသူတွေကြားမှာ ဒီလုပ်ငန်းတွေ အောင်မြင်နိုင်ပါ့မလား၊ စေတနာနဲ့ လုပ်ပေးသမျှကရော ချောချောမွေ့မွေ့ ဖြစ်ပါ့မလားဆိုတာ ကြုံရဦးမှာပါ။ ဒီဇာတ်ကားကို အပြင်မှာ တကယ်ရှိတဲ့ ဆမ်ချီလ်ဒါးစ်ရဲ့ စာအုပ်ကို အခြေခံပြီး ရိုက်ကူးထားပါတယ်။

ဇာတ်လမ်းအကြောင်း