ဇာတ်ကားများ ရွေးရန်

Million Dollar Baby

2004ဇာတ်ကားအမှတ် 8.0/10132 မိနစ်

ရုပ်ရှင်ကားကောင်းတကားဆိုတာ ကြည့်ပြီးတော့ တလမဟုတ်တောင် တပတ်လောက်ကိုယ့်ခေါင်းထဲမှာ ဒီရုပ်ရှင်အကြောင်းကို စွဲကျန်ခဲ့တဲ့ကားမျိုးလို့ပြောရင် သဘောတူကြမယ်ထင်ပါတယ်။ ဒီကားက နာမည်ကျော် The good, The bad , The Ugly ထဲကသရုပ်ဆောင် Clint Eastwood ကိုယ်တိုင်ပါဝင်သရုပ်ဆောင် ,ဇာတ်ညွှန်းရေး ပြီး ဒါရိုက်တာလုပ်ထားတဲ့ ကားပါ။ ဒီကားက အော်စကာမှာလည်း အဓိကဇာတ်ဆောင်မင်းသမီး ၊ ဒါရိုက်တာဆု ၊ ဇာတ်ပို့ဆုတွေအပြင် တခြား ဆုတွေကိုလည်း အပုံလိုက်ရထားတဲ့ကားပါ။ အရင်ဆုံးပိုစတာတွေကိုကြည့်ပြီးတော့ သာမန်ဘောက်ဆင်ကားလိုမျိုးထင်လိုက်ရင်တော့မှားပါလိမ့်မယ်။ ဇာတ်လမ်းကသာမရိုးကျသွားသလိုလိုနဲ့ ဇာတ်ကောင်တွေကြားက သံယောဇဉ်တွေ ၊ဘောက်ဆင်လောကအကြောင်းတွေ ကိုသေသေချာချာလေးပြနိုင်တဲ့ ဇာတ်ကားပါ၊။ အဓိကကတော့ ဇရန်ကီ နဲ့ မက်ဂီရဲ့ကြားက ဆရာတပည့်သံယောဇဉ်တွေ ၊ ဖခင်မေတ္တာလိုနေတဲ့ မက်ဂီရဲ့ ခံစားချက်၊ ဖရန်ကီရဲ့ ဖခင်မေတ္တာပေးပုံတွေကို သေချာလေးပြထားပါတယ်။ Clint Eastwood က သရုပ်ဆောင်ကောင်းတယောက်တင်မကပဲနဲ့ ဒါရိုက်တာအလုပ်ကိုလည်း ကျွမ်းကျင်ပိုင်နိုင်တယ်ဆိုတာကို ဒီကားကြည့်ရင်သေချာသိနိုင်ပါတယ်။ ဘောက်ဆင်လက်ဝှေ့တွေကို အပြင်နဲ့ထပ်တူကျအောင်ပြနိုင်တာတွေ အပြင် ဒိုင်ယာလော့တွေကအစ သဘာဝကျပြီး ရင်ထဲကျန်စေနိုင်တဲ့ဇာတ်ကားလေးမို့ မကြည့်ရသေးရင် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားတကားပါ။ ဇာတ်လမ်းကိုလည်းအများကြီး မရေးပေးတော့ပါဘူး ကြည့်ရတာအရသာပျက်မှာစိုးလို့ပါ။ ဒီဇာတ်ကားကြည့်ပြီးရင်ထဲကျန်ခဲ့တာတော့ "မိုကွီရှီလာ" ဆိုတဲ့ စကားလုံးပါပဲ။ File size…2.5 GB / 1 GB Quality… Blu- Ray 1080p/ 720p Format… mp4 Duration…. 1h 10m Genre ..... Drama Subtitle…. Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း