ဇာတ်ကားများ ရွေးရန်

The Son

2022ဇာတ်ကားအမှတ် 6.7/10123 မိနစ်

Peter Miller ဟာ အလုပ်နဲ့ အမြဲမအားလပ်တဲ့ ဖခင်တစ်ယောက်ပါ။ ဒုတိယဇနီးနဲ့ ကလေးတစ်ယောက် မွေးထားတာ မကြာသေးသလို ပထမအိမ်ထောင်ကလည်း အသက် ၁၇ နှစ်အရွယ် သားတစ်ယောက်ရှိပါတယ်။ အဲဒီသားကတော့ မိဘတွေရဲ့ အိမ်ထောင်ရေးအကွဲအပြဲကြောင့် စိတ်ဝေဒနာခံစားနေရတယ်။ တစ်နေ့မှာ သားဖြစ်သူ ကျောင်းမသွားတာ တစ်လလုံးရှိနေပြီဆိုတဲ့အကြောင်း ဇနီးဟောင်းဆီကနေ Peter သိလိုက်ရပါတယ်။ Peter ကိုယ်တိုင်လည်း သူ့ဖခင်နဲ့ ဆက်ဆံရေးမကောင်းခဲ့သူပါ။ ဒါကြောင့် သူ့သားအလှည့်မှာတော့ ဖခင်ကောင်းတစ်ယောက် ဖြစ်ပေးချင်ပြီး ကြိုးစားလာတယ်။ Hugh Jackman အဓိကသရုပ်ဆောင်ထားတဲ့ ဒီဒရာမာမှာ မိဘတစ်ယောက်ရဲ့ ဘေးကျပ်နံကျပ်အခြေအနေတွေနဲ့ မိဘတွေရဲ့ အိမ်ထောင်ရေးက သားသမီးရဲ့စိတ်ကို ဘယ်လောက်အထိ သက်ရောက်နိုင်သလဲဆိုတာကို ရေးဖွဲ့ထားပါတယ်။

ဇာတ်လမ်းအကြောင်း