ဇာတ်ကားများ ရွေးရန်

One Million Yen Girl

2008ဇာတ်ကားအမှတ် 7.2/10121 မိနစ်

ဆုဇုခိုဟာ အိမ်ကနေထွက်ပြီး အပြင်မှာ သွားနေခဲ့တဲ့ မိန်းကလေးတစ်ယောက်ပါ။ သူ့ကြောင်လေးကို အခန်းဖော်က လွှင့်ပစ်လိုက်တဲ့အခါ အခန်းဖော်ရဲ့ပစ္စည်းတွေအကုန် ပြန်လွှင့်ပစ်မိပြီး ထောင်ကျသွားတယ်။ ထောင်ထဲမှာ ကြာကြာမနေခဲ့ရပေမယ့် ပြန်ထွက်လာတော့ နာမည်ပျက်ပြီး ပတ်ဝန်းကျင်ရဲ့ အပြောအဆိုတွေကို ခံရပါတယ်။ ဒီတော့ ဆုဇုခိုက ယန်းတစ်သန်းပြည့်အောင် စုမယ်၊ ပြည့်တာနဲ့ တခြားနယ်တစ်ခုကို ပြောင်းနေမယ်လို့ ဆုံးဖြတ်လိုက်တယ်။ နေရာသစ်ရောက်ရင် လူသစ်တွေနဲ့ အစပိုင်းမှာ အဆင်ပြေပေမယ့် နောက်တော့ အဆင်မပြေတာတွေ ဖြစ်လာပြန်တယ်။ အဲဒီအခါ ယန်းတစ်သန်းစု၊ နောက်တစ်နေရာပြောင်းနဲ့ ခြေဦးတည့်ရာ သွားနေခဲ့ပါတယ်။ လူတွေဆီကနေ ရှောင်ထွက်ဖို့ ကြိုးစားနေတဲ့ သူ့ခရီးက ဘယ်မှာဆုံးမလဲ၊ လောကကို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကို ဆက်တွေ့ရမှာပါ။ ၂၀၀၈ ခုနှစ်ထွက် ဒီဒရာမာကို အမျိုးသမီးဒါရိုက်တာ Yuki Tanada က ရိုက်ကူးထားပြီး ဆုဇုခိုအဖြစ် Yu Aoi က သရုပ်ဆောင်ထားပါတယ်။ မိန်းကလေးတစ်ယောက်ကို အဓိကထားပြီး ဇာတ်အိမ်တည်ထားသလို မိသားစုအကြောင်းလည်း ပါဝင်ပေမယ့် ကြည်နူးစရာတွေချည်းတော့ မဟုတ်ပါဘူး။ Yu Aoi ဟာ Shunji Iwai ရဲ့ All About Lily Chou-Chou နဲ့ Hana and Alice တို့မှာလည်း ပါဝင်ခဲ့ဖူးသူပါ။ သူ့ရဲ့အခြားသရုပ်ဆောင်မှုတွေထဲမှာ ၂၀၁၃ ခုနှစ်က Tokyo Family၊ Rurouni Kenshin ကားလေးကားထဲက Takani Megumi ဇာတ်ကောင်၊ Birds Without Names နဲ့ Kiyoshi Kurosawa ရဲ့ Wife of a Spy တို့လည်း ရှိပါတယ်။ Shaking Tokyo မှာလည်း ပါဝင်ခဲ့ပြီး ၂၀၂၀ ခုနှစ်မှာတော့ Yuki Tanada နဲ့ Romance Doll ကို ထပ်မံရိုက်ကူးခဲ့ပါတယ်။

ဇာတ်လမ်းအကြောင်း