Summer Frost
ပြင်သစ်နိုင်ငံရဲ့ နွေရာသီတစ်ခုမှာ ရုတ်တရက် ရာသီဥတုဖောက်ပြန်ပြီး ပြင်းထန်တဲ့ အအေးလှိုင်း ဖြတ်လာပါတယ်။ အပူချိန်က အနုတ် ၁၀ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းသွားလို့ ရေပိုက်တွေထဲက ရေတွေပါ ခဲကုန်တယ်။ အစာရေစာပြတ်လပ်မှုနဲ့ အလွန်အမင်းအေးခဲမှုကြောင့် လူတွေနဲ့ တိရစ္ဆာန်တွေ သေဆုံးလာကြပြီး အအေးကလည်း တဖြည်းဖြည်း ပိုပြင်းလာပါတယ်။ သတင်းတွေမှာတော့ မကြာခင် ကမ္ဘာပျက်တော့မယ်လို့ ကြေညာနေကြတယ်။ သိပ်ချမ်းသာတဲ့ လူတချို့က အင်္ဂါဂြိုဟ်ပေါ် သွားနေနိုင်ဖို့အထိ ပြင်ဆင်နေကြပေမယ့် သာမန်လူတွေကတော့ စိတ်ဓာတ်ကျပြီး မျှော်လင့်ချက်မဲ့နေကြပါတယ်။ ဒီအခြေအနေကြားမှာ အထီးကျန်မှု၊ ဝမ်းနည်းမှုနဲ့ စိတ်ပျက်မှုတွေ ခံစားနေရတဲ့ ဇာတ်ကောင်ဆယ်ယောက်က ကမ္ဘာမပျက်ခင် အချစ်နဲ့ မျှော်လင့်ချက်ကို လိုက်ရှာနေကြတယ်။ သူတို့တစ်ယောက်ချင်းစီရဲ့ စရိုက်နဲ့ ခံယူချက်တွေကလည်း မတူကြပါဘူး။ ဇာတ်လမ်းက အဖြစ်အပျက်တွေကို ခပ်အေးအေးဆက်ပြရင်း လူတန်းစားခွဲခြားမှုနဲ့ လူမျိုးရေးမုန်းတီးမှုတွေကို စကားပြောခန်းတွေကြားမှာ ထည့်ထားပါတယ်။ မွေးဖွားချိန်ကနေ အသက်ရှင်နေထိုင်ချိန်၊ နောက်ဆုံးသေဆုံးချိန်အထိ ငွေပေးနေရတဲ့ စနစ်ကို ဖျက်ပစ်ချင်တယ်ဆိုတဲ့ စကားမျိုးလည်း ပါတယ်။ အခန်းတစ်ခန်းမှာတော့ သန့်ရှင်းရေးဝန်ထမ်းအမျိုးသမီးရှေ့ အမှိုက်ချသွားတဲ့ အမျိုးသားကို အမှိုက်ပုံးထဲ ပစ်ဖို့ ပြောလိုက်တဲ့အခါ သူဆောင်တဲ့အခွန်နဲ့ လစာရနေတာမို့ ဒါက သူမလုပ်ရမယ့်အလုပ်ပဲလို့ မောက်မောက်မာမာ ပြန်ပြောပါတယ်။ အမျိုးသမီးကလည်း ဒါဟာ ပိုက်ဆံနဲ့ဆိုင်တာမဟုတ်ဘဲ နိုင်ငံသားတစ်ယောက် သိထားရမယ့် ကျင့်ဝတ်ဖြစ်ကြောင်း ပြန်ပြောတယ်။ နောက်ဇာတ်ကောင်တစ်ယောက်ကတော့ အဖေအပေါ် အမေဖောက်ပြန်တာကို မြင်ပြီး ကြီးပြင်းလာခဲ့တဲ့ အမျိုးသားပါ။ သူက အမျိုးသမီးတွေကို မယုံကြည်၊ မလေးစားတော့ဘဲ အချစ်ကို အလေးအနက်ထားတဲ့ အမျိုးသမီးတွေကိုလည်း အထင်သေးတတ်လာတယ်။ ဇနီးကို ဂရုမစိုက်ဘဲ ရည်းစားဟောင်းကို စိတ်မပြတ်နိုင်တဲ့ အမျိုးသားတစ်ယောက်အကြောင်းလည်း ပါပါတယ်။ ဇနီးနဲ့အတူနေတဲ့ ဆယ်နှစ်လုံး တခြားအမျိုးသမီးအကြောင်းပဲ သတိရနေတာက ကွာရှင်းခြင်းထက်တောင် သစ္စာဖောက်ရာရောက်တယ်လို့ ထောက်ပြထားတဲ့ စကားပြောခန်းလည်း ရှိတယ်။ Laetitia Masson ကိုယ်တိုင် ရေးသားရိုက်ကူးထားတဲ့ ၂၀၂၂ ခုနှစ်ထွက် Un hiver en été (Summer Frost) မှာ ကမ္ဘာကြီး အဆုံးသတ်တော့မယ်လို့ ယူဆနေကြချိန် လူတွေလိုချင်နေတဲ့ လိင်ဆန္ဒ၊ လုံခြုံမှု၊ မိတ်ဆွေ၊ အချစ်နဲ့ အနုပညာတို့အကြောင်းကို ဇာတ်ကောင်အသီးသီးကနေ ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း