ဇာတ်ကားများ ရွေးရန်

Charlie Says

2019ဇာတ်ကားအမှတ် 6.0/10104 မိနစ်

ဒီကားကတော့ အမေရိကားရဲ့စက်ဆုပ်ဖွယ်ကောင်းပြီးနာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ Charlie Mansonနဲ့သူ့နောက်လိုက်တွေအကြောင်းရိုက်ထားတဲ့ Biographical Dramaကားတစ်ကားဖြစ်ပါတယ်။ အရင်လည်းသူ့အကြောင်းရုပ်ရှင်တွေရိုက်ခဲ့ဖူးပါတယ်။ ဒီကားမှာတော့ သူ့ကိုအရမ်းကိုချစ်ခင်ယုံကြည်ခဲ့တဲ့ ကောင်မလေးတွေဘက်ကရိုက်ပြထားတာပါ။ ဒီဘဲကြီးကThe Beatles ရော့ခ်အဖွဲ့ကိုအရမ်းရူးသွပ်ပြီး သူကိုယ်တိုင်လဲသီချင်းတစ်ပုဒ်တောင်ထွက်ခဲ့သေးတယ်။ ကယ်လီဖိုးနီးယားကခြံကြီးတစ်ခြံမှာ Manson Family ဆိုပြီးသူတို့နေကြတယ်။ ပုံစံကနည်းနည်းဟစ်ပီဆန်တယ် လွှင့်ပစ်ထားတဲ့အသီးအရွက်တွေကိုချက်စားတယ် မြင်ဇောင်းမှာအိပ်တယ် သူတို့အချင်းချင်းလိင်ဆက်ဆံကြတယ် သူတို့ဘာကိုမှမထိန်းချ ုပ်ထားဘူး။ ဒါပေမယ့် ကျမ်းစာကိုရူးသွပ်ပြီး race warကိုစတင်ဖို့လုပ်တယ်။ အခုလက်တလောထွက်ထားတဲ့ နာမည်ကြီး Once upon a time in Hollywoodကားမှာ Margot Robbieသရုပ်ဆောင်ထားတဲ့ Sharon Tateနဲ့ တခြားအနုပညာရှင်တွေကိုလည်း ဒီFamilyကသတ်ခဲ့တာပါ။ ဒီကားမှာ ဒီဘဲကြီးကကောင်မလေးတုံးတုံးအအလေးတွေကို တကယ်လွှမ်းမိုးခြယ်လှယ်ပြီး brainwashလုပ်သွားတာတွေကိုရိုက်ပြထားတယ်။ Castတွေကလည်း မျက်နှာသိပ်မစိမ်းတဲ့သူတွေပါ Game of Thrones seriesထဲက ဂီလီတစ်ယောက်လဲပါပါတယ်။ File Size : (1 GB) Quality : WEB-DL 720p Running Time : 1 hr 20 min Format : Mp4 Genre : Biography , Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by Moe Myint Lwin

ဇာတ်လမ်းအကြောင်း