ဇာတ်ကားများ ရွေးရန်

The Locksmith

2023ဇာတ်ကားအမှတ် 6.2/1091 မိနစ်

Miller ဟာ ဘယ်သော့မဆို ဖွင့်နိုင်တဲ့ သော့ပြင်သမားတစ်ယောက်ပါ။ ငွေနောက်လိုက်ရင်း အကျင့်ပျက်ရဲတစ်ယောက်နဲ့ ပေါင်းပြီး ဖောက်ထွင်းမှုကျူးလွန်ခဲ့ပေမယ့် အဲဒီရဲရဲ့ သစ္စာဖောက်မှုကို ခံလိုက်ရတယ်။ အဲဒီအဖြစ်အပျက်ကြောင့် အခင်ဆုံးသူငယ်ချင်းကို ဆုံးရှုံးခဲ့ရသလို သူကိုယ်တိုင်လည်း ထောင်ကျသွားပါတယ်။ ထောင်ကပြန်ထွက်လာတော့ Miller က ဘဝသစ်ပြန်စချင်နေပြီ။ ဇနီးဟောင်းနဲ့ သမီးအပေါ် ပျက်ကွက်ခဲ့တာတွေကို ပြန်ပေးဆပ်ဖို့ပဲ စိတ်ကူးထားပါတယ်။ ဒါပေမဲ့ သူ့ကြောင့် သေဆုံးခဲ့ရတဲ့ သူငယ်ချင်းရဲ့ညီမက အကူအညီလာတောင်းတယ်။ သူ့အစ်ကိုအတွက် ပြန်ပေးဆပ်ချင်ရင် Miller တတ်ထားတဲ့ စောရပညာကို သုံးပြီး သူမကို ဒုက္ခတွင်းကနေ ကယ်ထုတ်ပေးဖို့ ပြောလာတာပါ။ ဘဝသစ်စဖို့ ရည်ရွယ်ထားတဲ့ Miller တစ်ယောက် ဒုစရိုက်မှုတွေ ပြန်ကျူးလွန်ဦးမှာလား။

ဇာတ်လမ်းအကြောင်း