Enter The Coffin
မာယွမ်ဟောက်ဟာ စီးပွားရေးလုပ်သမျှ အဆင်မပြေဘဲ အခက်အခဲတွေ ဆက်တိုက်ကြုံနေရသူပါ။ အိမ်မှာလည်း ခြောက်လသားအရွယ် သားငယ်က ညတိုင်း ထူးထူးဆန်းဆန်း ငိုနေလို့ စိတ်ပူနေရတယ်။ အဲဒီကြားထဲ သူလုပ်ကိုင်နေတဲ့ သိုလှောင်ရုံ မီးလောင်ပြီး လုပ်ဖော်ကိုင်ဖက်တစ်ယောက်ပါ မီးထဲမှာ ထိခိုက်သွားတာကြောင့် ဆေးကုစရိတ်နဲ့ လျော်ကြေးပေးဖို့ ကိစ္စတွေကို ရင်ဆိုင်ရပြန်ပါတယ်။ ကံဆိုးမှုတွေ တစ်ခုပြီးတစ်ခု ဖြစ်လာတဲ့အခါ ရှေးရိုးစွဲပြီး အယူသည်းတဲ့ သူ့အမေက နတ်ဆရာတွေကို အားကိုးယုံကြည်လာတယ်။ နတ်နဲ့ ဝိညာဉ်တွေကို မယုံကြည်တဲ့ မာယွမ်ဟောက်တို့ ဇနီးမောင်နှံအတွက်တော့ အမေ့လုပ်ရပ်တွေက စိတ်ကျဉ်းကျပ်စရာ ဖြစ်လာပါတယ်။ အဲဒီအချိန်မှာပဲ အဆက်အသွယ်ပြတ်နေတာကြာပြီဖြစ်တဲ့ ငယ်သူငယ်ချင်း ကျန်းဟိုင်လင်က သူ့ဆီ ပြန်ရောက်လာတယ်။ တစ်ဖက်မှာလည်း နတ်ဆရာတွေက အိမ်မှာ မကောင်းဆိုးဝါးကပ်နေတယ်လို့ ဟောပြောပြီး ဖိအားပေးကြတာကြောင့် အိမ်ကို စွန့်ပစ်ရမယ့် အခြေအနေအထိ ရောက်လာပါတယ်။ မာယွမ်ဟောက်ဟာ စီးပွားရေးအခက်အခဲတွေအပြင် အမေ၊ ဇနီးနဲ့ သားတို့ရဲ့ ပြဿနာတွေကိုပါ ဘယ်လိုရင်ဆိုင်မလဲ။ သူတို့ယုံကြည်နေတဲ့ အယူသည်းမှုတွေရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေမလဲ။
ဇာတ်လမ်းအကြောင်း