Tokyo Revengers
Tokyo Revengers (2021) IMDb - 7.8/10 Mangaအနေနဲ့ volume 8ခုထွက်ရှိထားပြီး Anime အနေနဲ့ season 1 completeဖြစ်ထားသလို ဂျပန်မှာရော International မှာပါ အောင်မြင်မှုအကြီးအကျယ်ရရှိထားတဲ့ mangaတစ်ခုပဲ ဖြစ်ပါတယ်၊ အထူးသဖြင့် ဒီMangaကိုရေးဆွဲသူ Ken Wakui ဟာ 2000ပြည့်နှစ်တွေမှာ အမှန်တကယ် Gang memberဖြစ်ခဲ့ဖူးသလို Mangaထဲက ဇာတ်ကောင်တွေဟာလည်း 1960 ပြည့်နှစ်များထဲက Japanရဲ့ အထင်ကရ ရှိတဲ့ လူငယ်မော်တော်ဆိုင်ကယ်ဂိုဏ်းဖြစ်တဲ့ Black Emperor Gangကို referenceရေးဆွဲထားလို့ ဇာတ်ကောင်တွေရဲ့ ဆိုးမိုက်မှု၊ ရမ်းကားမှု၊ ဂိုဏ်းစတားပီသမှုတွေဟာ အပြင်ကတကယ့်ဂိုဏ်းစတားတွေနဲ့ အတော်နီးစပ်မှုရှိတယ်လို့ ရည်ညွှန်းကြတဲ့ Mangaနဲ့ Animeကောင်းတစ်ခုပါ အရှိန်အဝါကြီးသလို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အောင်မြင်မှု အကြီးအကျယ်ရရှိထားတဲ့ Tokyo Revengersကို Live Action Adaptationအနေနဲ့ ပြန်လည်အသက်သွင်းမယ်ဆိုကတည်းက မျှော်လင့်ချက်ကြီးတွေ ထားခဲ့သူတွေလည်း ရှိသလို သံသယမျက်လုံးတွေနဲ့လည်း စောင့်ကြည့်ခံခဲ့ရပါတယ်၊ တစ်ခေတ်တစ်ခါက အထူးအောင်မြင်ကျော်ကြားခဲ့တဲ့ Mangaတွေanimeတွေကို Live Action နဲ့ အသက်သွင်းရာမှာ cast, director, script အစပ်အဟပ်တည့်ပြီး အောင်မြင်မှုများစွာ ရရှိသွားတဲ့ကားတွေရှိသလို ကဏ္ဍတစ်ခုခုမှာ အတိမ်းအစောင်းဖြစ်ရုံနဲ့ အကြီးအကျယ်အရှုံးပေါ်ပြီး နာမည်ပျက်တဲ့အဆင့်ထိရောက်သွားတဲ့ Live Actionတွေက ဒုနဲ့ ဒေးမလို့ Tokyo Revengers လို Hit manga/animeအတွက် Live actionကို မျက်ခုံးလှုပ်ခဲ့သူ ခပ်များများပါ ဒါပေမဲ့ ထွက်ရှိလာတဲ့အချိန်မှာတော့ IMDb 7.8အထိ ရရှိခဲ့သလို Worldwideပြသရာမှာလည်း အောင်မြင်မှု အတိုင်းအတာတစ်ခုထိ ရှိခဲ့ပါတယ်၊ Genreအနေနဲ့ကတော့ Action , Supernatural, Drama , School , Shounen ပါ ဒီ Tokyo Revengers Live Action ဟာ မျှော်လင့်ထားတဲ့ အတိုင်းအတာထက် ကျော်လွန်အောင် စွမ်းဆောင်နိုင်ခဲ့တာတော့ ငြင်းမရတဲ့အချက်ပါပဲ၊ ဒါရိုက်တာ Hanabusa Tsutomu နဲ့ Screenwriter Takahashi Izumiတို့ဟာ Mangaနဲ့ Animeရဲ့ အရသာမပျက်အောင် ပါဝင်တဲ့ဇာတ်ဝင်ခန်းတွေကို အနီးစပ်ဆုံး ရိုက်ကူးခဲ့တာကြောင့် ရာနှုန်းပြည့်စိတ်ကျေနပ်မှု မပေးနိုင်ရင်တောင် အတိုင်းအတာတစ်ခုထိတော့ Mangaနဲ့ Anime fanတွေကို ကျေနပ်စေခဲ့ပါတယ်၊ ဒါ့အပြင် သုံးထားတဲ့Castတွေကို ကြည့်မယ်ဆိုရင် You Are the Apple of My Eye(Japanese) နဲ့ Kaizoku Sentai Gokaiger( 2011)တို့ရဲ့ မင်းသား Yuki Yamada Let Me Eat Your Pancreas (2017)နဲ့ Night Doctor(2021)မှာ ပါဝင်ထားတဲ့ မင်းသား Takumi Kitamuraနဲ့ Gintama live actionတွေထဲက Okita Sougoအဖြစ် castခဲ့သူ Ryo Yoshizawaလို Live Actionသားပြည့်ဝတဲ့နာမည်ကျော်တွေ ပါဝင်တာနဲ့အညီ သရုပ်ဆောင်ချက်တွေက အပိုအလိုမရှိ ကောင်းမွန်သလို Mangaရဲ့ ဇာတ်ကောင်စရိုက်တွေကိုလည်း အပြည့်အဝပုံဖော်ပြနိုင်ခဲ့ပါတယ် ဇာတ်လမ်းအကျဉ်းကိုပြောရရင် Takemichi Hanagakiဟာ ရှုံးနိမ့်မှုတွေများစွာနဲ့ ဘဝကိုရင်ဆိုင်ဖြတ်သန်းနေရသလို ဘဝရဲ့လက်စွဲဆောင်ပုဒ်ဟာလည်း "တောင်းပန်ပါတယ်" လို့ဆိုရတဲ့အထိ လူတကာကို အောက်ကျို့၊ ပြဿနာပေါင်းစုံကို ဖြတ်သန်းနေရသူပါ၊ ဘာဆိုဘာမှ အဆင်မပြေခဲ့တဲ့သူ့ဘဝမှာ ရှားရှားပါးပါး ချစ်သူလေးတစ်ယောက်တော့ ရှိခဲ့ဖူးပါတယ်၊ သူမက Hinata Tachibanaပါ၊ ချစ်ခဲ့ဖူးသူ Hinataတစ်ယောက်ဟာလည်း မောင်ဖြစ်သူ Naota Tachibanaနဲ့အတူ Tokyo Manjiဂိုဏ်းနဲ့ တခြား Yazukaဂိုဏ်း တစ်ခုရဲ့ပဋိပက္ခကြား ပဲလှော်ကြားဆားညပ်ရင်း သေဆုံးသွားပါတယ် ဘဝကလည်း အဆင်မပြေ၊ ချစ်ဖူးသူကပါ လောကမှာမရှိတော့တဲ့ Takemichiအနေနဲ့ စိတ်ဓါတ်ကျစွာ မြေအောက်ရထားဘူတာမှာ သွားခိုနေရင်း ရုတ်တရက် ရထားဆိုက်ခါနီးကမှ ရထားပြေးလမ်းပေါ် တွန်းချခံလိုက်ရပါတယ်၊ ရထားတိုက်လုဆဲဖြစ်တဲ့အချိန်မှာပဲ ပဟေဠိဆန်စွာ လွန်ခဲ့သော၁၀နှစ် အထက်တန်းကျောင်းသား ဆိုးပေလူမိုက်လုပ်ခဲ့ဖူးတဲ့ အချိန်ကာလကို ပြန်ရောက်သွားခဲ့ပါတယ်၊ သူ့ကိုယ်သူ time travel လုပ်ခဲ့မိမှန်း သိသွားတဲ့ Takemichiတစ်ယောက် အထက်တန်းကျောင်းသားဇိုးဘဝနဲ့ ပစ္စုပ္ပန်အချိန်မှာ အင်အားကြီးဂိုဏ်းဖြစ်နေတဲ့၊ သူ့အချစ်ဦး ကို သေဆုံးစေခဲ့တဲ့ Tokyo Manji Gangခေါ် Tomen ဂိုဏ်းရဲ့ မူလအစကနေ သွားရောက်ရင်ဆိုင်ရင်း ဂိုဏ်းဂဏအရှုပ်တော်ပုံကြား ဘယ်လိုပါဝင်ပတ်သတ်မိသွားမလဲ၊ ချစ်ရတဲ့သူ Hinataကိုရော သူရောက်ရှိနေတဲ့ အတိတ်ကာလကနေ ကံကြမ္မာကို ဘယ်လိုဖန်တီးပြောင်းလဲရင်း ကယ်တင်ဖို့ ကြိုးစားမလဲဆိုတာကို ကြည့်ရှုရမှာပါ Anime fanတွေအနေနဲ့ season1အဆုံးထိ ထွက်ရှိပြီးတာကြောင့် ဘာတွေဆက်ဖြစ်မလဲဆိုတာကို သိနိုင်ပေမဲ့ အခုမှ ဒီLive Action ကို စကြည့်မယ့်ပရိတ်သတ်တွေအတွက်လည်း Tokyo Revengers အကြောင်းကို ပိုစိတ်ဝင်စားလာအောင် လုပ်နိုင်တဲ့ Live Action ဇာတ်ကားတစ်ခုလို့ ပြောရမှာပါ၊ ချခန်း နှက်ခန်း ဂန်းစတားခန်းတွေ အတော်လေးပီပြင်သလို ကြည့်လို့လည်း ကောင်းပါတယ်၊ တကယ့်သွေးထွက်သံယို sceneတွေကိုလည်း မညှာတမ်းထည့်ထားသလို ဇာတ်ကားသဘောအရ အပြောအဆိုတွေလည်း ကြမ်းတာကြောင့် ကလေးသူငယ်တွေအနေနဲ့တော့ ကြည့်ဖို့ မသင့်တော်ပါဘူး Live Actionတွေ ထွက်သလောက် ထင်တိုင်းမပေါက်၊ တိုးမရောက် Fail မလောက် ဖြစ်နေတဲ့ ဒီဘက်ခေတ် Manga/ anime/ live action fanတွေအနေနဲ့ ဒီ Tokyo Revengers LAဟာ ရေငတ်တုန်းရေငတ်ပြေစေမှာတော့ အသေအချာပဲဖြစ်ပါတယ်၊ ဒါ့အပြင် Anime ကို မသိဘဲ Actionကားကောင်း ခပ်ကြမ်းကြမ်းကိုမှ ကြည့်ချင်တဲ့ ပရိတ်သတ်တွေအတွက်လည်း standalone ကြည့်လို့ အဆင်ပြေတဲ့ Actionဇာတ်ကြမ်းပဲဖြစ်ပါတယ်၊ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre.....Action,Drama, Sci-Fi Quality….WEB-DL 1080p and 720p File size…1.69GB and 875MB and 280MB Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August
ဇာတ်လမ်းအကြောင်း