ဇာတ်ကားများ ရွေးရန်

Hidden Island

2022ဇာတ်ကား88 မိနစ်

တစ်နှစ်ပတ်လုံး မြူတွေ အုံ့ဆိုင်းနေတဲ့ ကျွန်းတစ်ကျွန်းမှာ လူတချို့ နေထိုင်ကြပါတယ်။ ကျွန်းလုံခြုံဖို့ဆိုရင် ဘာမဆိုလုပ်တတ်တဲ့ ရွာသူကြီးကို ကျွန်းသားတွေက ကြောက်ကြရတယ်။ အဲဒီကျွန်းမှာနေတဲ့ ဟယ်ဂျောင်ကတော့ ဘာစားစား ဗိုက်ဆာနေပြီး ကိုယ်ခန္ဓာလည်း နာကျင်နေတာကြောင့် နတ်ဆရာမတစ်ယောက်ဆီမှာ ကုသမှုခံယူနေရပါတယ်။ တစ်နေ့မှာ နတ်ဆရာမက ဟယ်ဂျောင်ရဲ့ နာကျင်မှုကို ကုသဖို့ ကုန်းမြေပေါ်က လူတစ်ယောက်လိုတယ်လို့ ပြောပြီး သူ့အစ်ကိုကို သွားခေါ်ခိုင်းတယ်။ တစ်ဖက်မှာလည်း အလုပ်ပြုတ်ထားတဲ့ ဂျောင်ဟျော့ဟာ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီကနေတစ်ဆင့် အလုပ်ရှာရင်း အဲဒီကျွန်းမှာ အလုပ်လုပ်ဖို့ ဖြစ်လာပါတယ်။ ကျွန်းပေါ်ရောက်သွားတဲ့အခါ သူမျှော်လင့်မထားတဲ့ ထူးဆန်းမှုတွေ အများကြီးကို တွေ့လာရတယ်။ ဒီလျှို့ဝှက်ဆန်းကြယ်သည်းဖိုဇာတ်ကားကို ဒါရိုက်တာ Yoon San က ရိုက်ကူးထားပြီး Kim Ho chang၊ Choi Ryung၊ Sok Bo Bae၊ Kang You-ra နဲ့ Taewoong တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း