The Bricks
ထောင်ကျနေပေမယ့် အာဏာမလျော့သေးတဲ့ မူးယစ်ရာဇာတစ်ယောက်နဲ့ ဇာတ်လမ်းစထားပါတယ်။ သူက ထောင်အပြင်မှာရှိတဲ့ သားဖြစ်သူ၊ လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုသုံးယောက်တို့နဲ့ ချိတ်ဆက်ပြီး ဟူစတန်မြို့ရဲ့ မူးယစ်ဂိုဏ်းလောကကို ချုပ်ကိုင်ထားသူတွေထဲက တစ်ယောက်ပါ။ သူတို့ဂိုဏ်းဟာ မြို့ထဲက ဂိုဏ်းတွေကြားမှာ အကြမ်းကြုတ်ဆုံးဖြစ်သလို ငွေအား၊ လူအားလည်း တောင့်တင်းပါတယ်။ ဂိုဏ်းကို ဦးစီးနေတဲ့ ညီအစ်ကိုသုံးယောက်က ပါးနပ်ပြီး အလုပ်တွေကို လျှို့လျှို့ဝှက်ဝှက် လုပ်တတ်တာကြောင့် ရဲတွေမှာ ဖမ်းဆီးဖို့ ခိုင်လုံတဲ့သက်သေ ရှာမရဖြစ်နေတယ်။ ဒါကြောင့် ရဲတပ်ဖွဲ့က စုံထောက်တစ်ယောက်ကို သူလျှိုအဖြစ် စေလွှတ်ပြီး ဂိုဏ်းထဲ ဝင်နိုင်ဖို့ ကြိုးစားခိုင်းပါတယ်။ သူဟာ ဂိုဏ်းထဲဝင်ခွင့်ရပြီး ရဲတွေမျှော်လင့်သလို ဖြိုခွဲနိုင်မလား၊ ဒါမှမဟုတ် ညီအစ်ကိုသုံးယောက်လက်ထဲမှာပဲ ကျဆုံးသွားမလား။ မူးယစ်ရာဇာရဲ့သားက ဒီအလုပ်တွေမှာ ဘယ်လိုပတ်သက်နေလဲဆိုတာလည်း ရှိသေးတယ်။ သူ့နောက်ကနေ ကူညီပေးနေတဲ့ ရဲတပ်ဖွဲ့ကိုယ်တိုင်ကရော ရိုးသားရဲ့လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
ဇာတ်လမ်းအကြောင်း