ဇာတ်ကားများ ရွေးရန်

Happy Old Year

2019ဇာတ်ကားအမှတ် 6.9/10113 မိနစ်

ဒီထိုင်းဇာတ်ကားလေးကတော့ ကြည့်နေရင်းနဲ့တင် တဖြည်းဖြည်းလူကိုဖမ်းစားနိုင်တဲ့ ဇာတ်ကားကောင်းလေးပဲဗျ။ ဇာတ်လမ်းလေးရဲ့အကြောင်းအရာက ဂျင်န် လို့ခေါ်တဲ့ကောင်မလေးဟာ ၃ နှစ်ကြာဆွီဒင်မှာနေပြီး ဘန်ကောက်ကသူ့အိမ်ကို ပြန်လာခဲ့တယ်။ဘန်ကောက်လည်းရောက်လာရော သူလုပ်ချင်တဲ့အရာက သူ့အိမ်ဟောင်းကို သပ်သပ်ရပ်ရပ်ပြန်ပြင် ရုံး‌ခန်းလေးဖွင့်ပြီးတော့ ပစ္စည်းတွေကိုအနည်းအကျဉ်းပဲထားမယ်လို့ဆုံးဖြတ်ထားတာပါ။ ဒါပေမဲ့ ဒီလိုပစ္စည်းတွေရှင်းဖို့လုပ်နေရင်းမှာပဲ ဂျင်န်ဟာ သူ့ရဲ့အရင်တုန်းကအမှတ်တရပစ္စည်းလက်ဆောင်တွေကို ပြန်ရှာတွေ့တဲ့အချိန်မှာပဲ ဒါကိုရှင်းပစ်ဖို့ အခက်အခဲကြီးတွေ့ပါတော့တယ်။‌ ဂျင်န် ဆွီဒင်ကိုသွားတော့ အဆက်အသွယ်ဖြတ်ခဲ့လိုက်တဲ့ သူ့ရဲ့ကောင်လေး အင်မ်ဆိုတဲ့သူကို အမှတ်တရပစ္စည်းတွေပြန်လာပေးပြီး တောင်းပန်စကားလာပြောမယ်လို့ တွေးလိုက်ရာကနေ မထင်မှတ်စရာပြဿနာတွေကြုံခဲ့ရပြီး ဂျင်န်နဲ့အင်မ်ကြား ဆက်ဆံရေးကလည်းဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာကို..... Quality.....WebRip 1080p / 720p File Size.....(2.2 GB) / (1.1 GB) Genre.....Drama, Romance Duration.....01:53:00

ဇာတ်လမ်းအကြောင်း