The Ultimate Life
ဂျေဆန်စတီဗင်ဟာ အဘိုးဆီက အမွေရပြီးနောက် တခြားမိသားစုဝင်တွေရဲ့ လောဘနဲ့ မလိုမုန်းထားမှုကြောင့် ဖြစ်လာတဲ့ တိုက်ခိုက်မှုတွေကို ကာကွယ်နေရပါတယ်။ ငွေကြေးအမွေ ရလာပေမယ့် သူ့ဘဝက အေးချမ်းမသွားဘဲ တစ်ဖက်မှာလည်း ချစ်သူနဲ့ ပြဿနာတွေ ပေါ်လာတယ်။ ဒီအခက်အခဲတွေကို ဖြေရှင်းဖို့ လမ်းစရှာရင်း အဘိုးရဲ့ နေ့စဉ်မှတ်တမ်းကို အားကိုးဖတ်ရှုဖို့ ဖြစ်လာပါတယ်။ ငွေရှိရုံနဲ့ ဘဝပြည့်စုံပြီလား၊ ဘဝရဲ့တန်ဖိုးကို ငွေကြေးတစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ရသလားဆိုတဲ့ အကြောင်းကို ဂျေဆန်ရဲ့အဖြစ်နဲ့ တွဲတင်ပြထားပါတယ်။ အဘိုးဖြတ်သန်းခဲ့တဲ့ ဘဝမှတ်တမ်းထဲကနေ သူ့အတွက် ဘယ်လိုသင်ခန်းစာတွေ ရလာမလဲဆိုတာ ဆက်ကြည့်ရမှာပါ။ The Ultimate Gift၊ The Ultimate Life နဲ့ The Ultimate Legacy တို့ပါဝင်တဲ့ The Ultimate Trilogy ထဲက ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း