ဇာတ်ကားများ ရွေးရန်

Autumn in New York

2000ဇာတ်ကားအမှတ် 6.1/10103 မိနစ်

နယူးယော့ခ်ရဲ့ သစ်ရွက်တွေ အဝါရောင်ပြောင်းပြီး ကြွေကျလာတဲ့ ဆောင်းဦးမှာ ဒီအချစ်ဇာတ်လမ်း စတင်ပါတယ်။ Bill က အသက်လေးဆယ့်ရှစ်နှစ် ရှိနေပြီဖြစ်ပေမယ့် လူပျိုကြီးဖြစ်နေဆဲပါ။ ဘဝတစ်လျှောက် မိန်းကလေးတွေနဲ့ အချစ်ရေးကို အပျော်သဘောပဲ သဘောထားလာခဲ့သူလည်း ဖြစ်တယ်။ တစ်နေ့မှာ သူ့ရည်းစားဟောင်းရဲ့သမီးက သူဖွင့်ထားတဲ့ စားသောက်ဆိုင်မှာ မွေးနေ့ပွဲ လာကျင်းပပါတယ်။ အဲဒီမှာ နှစ်ယောက် အကြည့်ချင်းဆုံမိရာကနေ အသက်ကွာဟတဲ့ အချစ်ရေးတစ်ခု စတင်လာတယ်။ ဒါပေမယ့် အရင်ကတည်းက စွဲလာတဲ့ Bill ရဲ့အကျင့်တွေက အလွယ်တကူ ပြောင်းနိုင်ပါ့မလား။ ဆောင်းဦးမှာ စခဲ့တဲ့ သူတို့အချစ်ကလည်း ရွက်ကြွေတွေလိုပဲ အဆုံးသတ်သွားမလားဆိုတာ စောင့်ကြည့်ရမှာပါ။

ဇာတ်လမ်းအကြောင်း