ဇာတ်ကားများ ရွေးရန်

Oopiri

2016ဇာတ်ကားအမှတ် 7.2/10158 မိနစ်

Thozha (imdb 8/10 Rtscore 77 %) ......(ရင်ဘတ်မိတ်ဆွေ)...... ဒီတစ်ခါ ပရိသတ်ကြီးကိုတင်ဆက်ပေးချင်တာကတော့ 2016 တုန်းက ထွက်ရှိခဲ့တဲ့ ဟာသဒရာမတောင်ပိုင်းကားလေးတစ်ကားပါပဲ ဘာဟူဗလီကားထဲက မင်းသမီးချောဖြူနုအုဖတ်လေး သမန်းနားလဲပါဝင်ထားပြီး ဇာတ်ပို့မင်းသားကြီး ပရာကတ်ရာ့ဂျ်တို့လို သရုပ်ဆောင်တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားပါတယ် ဒီကားလေးကတော့ မသန်စွမ်းရောဂါဖြစ်နေတဲ့ သူဌေးကြီးတစ်ယောက်ဟာ သူ့ကိုပြုစုစောင့်ရှောက်ဖို့အတွက် ဘဝမှာ ဘာကိုမှအလေးမထား အချုပ်ကျလိုက် လမ်းဘေးရှကီထုလိုက်နဲ့ အလေလိုက်နေတဲ့ စီနူဆိုတဲ့သူကို အလုပ်ခန့်လိုက်ပါတယ်..ဆရာသမားက လက်ကြောလဲမတင်း အလုပ်ကလဲကြေးများတဲ့အပြင် ဘာကိုမှလဲအလေးအနက်မရှိပါဘူး ဒီအလုပ်ကို လျှောက်တော့လဲ သူဌေးရဲ့အတွင်းရေးမှူးမလေးကို ဖွန်ကြောင်ချင်လို့ ဝင်အလုပ်လျှောက်တာပါ သူဌေးကတော့ သူ့ရိုးသားပွင့်လင်းမှုကို သဘောကျပြီး အလုပ်ခန့်လိုက်တဲ့အခါမှာ တစ်ယောက်အခက်အခဲကို တစ်ယောက်ဘယ်လိုဖေးမကူပြီး ဘာဆက်ဖြစ်မလဲ.... ဟာသလေးတွေနဲ့ ပေါ့ပေါ့ပါးပါးပဲ မိတ်ဆွေစစ်ရဲ့အဓိပ္ပာယ် ဘာလဲဆိုတာကြည့်ရှုရမှာပဲဖြစ်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ် File size…2.9GB / 1.18GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team

ဇာတ်လမ်းအကြောင်း