ဇာတ်ကားများ ရွေးရန်

Yaathisai

2023ဇာတ်ကားအမှတ် 8.0/10121 မိနစ်

ရာနာဒီယန်ဘုရင်ဟာ ချိုလာ၊ ကွန်ဂူ၊ ကာတာနာခါနဲ့ တခြားမျိုးနွယ်စုများစွာကို သွေးထွက်သံယို စစ်ဆင်တိုက်ခိုက်ပြီး အိန္ဒိယတောင်ပိုင်းကို နှစ်ပေါင်းများစွာ အုပ်စိုးထားပါတယ်။ သူ့ရဲ့ ကြီးမားတဲ့စစ်အင်အားကို ရင်ဆိုင်ပြီး အာဏာလုယူဖို့ ကြံနေသူကတော့ ကိုသီပါ။ ကိုသီဟာ ရာနာဒီယန်ရဲ့ ချေမှုန်းမှုကြောင့် ကုန်းတွင်းပိုင်းကို ထွက်ပြေးခဲ့ရတဲ့ အီနာ့စ်မျိုးနွယ်စုကနေ မွေးဖွားလာသူဖြစ်ပါတယ်။ မျိုးနွယ်စုအင်အား၊ စစ်အင်အား အားကိုးစရာမရှိပေမယ့် ရဲရင့်ပြီး အကြောက်အလန့်မရှိသူပါ။ သူက ချိုလာတွေနဲ့ ပူးပေါင်းပြီး ပန်ဒီယန်တိုင်းပြည်ထဲမှာ သူလျှိုလုပ်ရင်း တိုက်ခိုက်နိုင်ဖို့ အစီအစဉ်တကျ ပြင်ဆင်လာတယ်။ ထောင်ချီတဲ့ စစ်တပ်ကို ရာဂဏန်းလောက်သာရှိတဲ့ တပ်ဖွဲ့နဲ့ ရင်ဆိုင်မယ့် ကိုသီရဲ့အကြံ အောင်မြင်နိုင်ပါ့မလား။ စစ်ပွဲတွေကြားမှာ ဘာတွေ ဆက်ဖြစ်လာပြီး နောက်ဆုံး ထီးနန်းကို ဘယ်သူ သိမ်းယူနိုင်မလဲဆိုတာ တင်ပြထားတဲ့ အိန္ဒိယသမိုင်းနောက်ခံ ရုပ်ရှင်ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း