ဇာတ်ကားများ ရွေးရန်

Death Race: Beyond Anarchy (or) Death Race 4

2018ဇာတ်ကားအမှတ် 6.2/10111 မိနစ်

Dead Race ဆိုတဲ့ Movie ကို အများကြီးညွှန်းစရာမလိုတော့ပါဘူး… Dead Race ပြိုင်ပွဲမှာထောင်ထဲမှာပြုလုပ်တဲ့ တရားဝင်ပြိုင်ပွဲဖြစ်ပြီးတော့ အဲပြိုင်ပွဲမှာဝင်ပြိုင်တဲ့ အကျဉ်းသားတွေအကုန်လုံးကလည်းထောင်ဒဏ်တသက်တကျွန်းကျထားပြီးတဲ့ သေမထူးနေ့မထူး အရက်စက်ဆုံး လူမဆန်ဆုံးနဲ့ လူသတ်သမားတွေ ရာဇဝတ်သားတွေပဲဖြစ်ပါတယ်…. ဒီလိုအကျဉ်းသားတွေကို သူတို့လွတ်မြောက်ဖို့အတွက်အခွင့်ရေးတစ်ခုရောက်လာပါတယ်… အဲဒါကတော့ ထောင်ထဲမှာကားပြိုင်ရင်းနဲ့ တစ်ယောက်နဲ့တစ်ယောက်သတ်ရတာပဲဖြစ်ပါတယ်… ဒီလိုပြိုင်ရင်းကနေ ပြိုင်ပွဲတိုင်းရဲ့ ဘုရင်တစ်ပါးပေါ်လာပါတယ်… သူကတော့ Frankenstein ပဲဖြစ်ပါတယ်… အခုတင်ဆက်ပေးမယ့် Dead Race 4 မှာကတော့ နိုင်ပွဲတွေဆက်လာနေတဲ့ Frank ကို အစိုးရကနေ ထောင်ထဲမှာပဲ ကားပြိုင်ရင် သုတ်သင်ရှင်းလင်းဖို့အတွက် လုပ်မယ့်အစီအစဉ်ဖြစ်ပါတယ်…… ဒါကြောင့် နိုင်ပွဲတွေဆက်နေတဲ့ ပြိုင်ပွဲတိုင်းရဲ့ဘုရင် Frank ကိုရှင်းနိုင်မလားဆိုတာ  စိတ်ဝင်စားဖွယ်ရာကြည့်ရမှာပဲဖြစ်ပါတယ်… ဒီ Dead Race ဆိုတဲ့ Movie အမျိုးစားဟာ ထောင်ထဲမှာစရိုက်ဆန်ဆန်နဲ့ရိုက်ထားတဲ့ Action Movie အမျိုးအစားဖြစ်ပြီး အရွယ်မရောက်သေးသူများနဲ့မိသားစုနဲ့ကြည့်ရှု့ဖို့မသင့်တဲ့ အခန်းအတော်များများပါဝင်ပါတယ်….. လူသတ်ကားဖြစ်ပြီးတော့ သွေးထွက်သံယိုတွေ ရက်ရက်စက်စက်သတ်ဖြတ်တဲ့အခန်းတွေလည်းအများဆုံးပါဝင်ပါတယ်…. ကြမ်းကြမ်းမှကြိုက်တယ်ဆိုတဲ့ပရိတ်သတ်တွေအတွက်အကြိုက်တွေ့စေမယ့် ကားကောင်းတစ်ကားဖြစ်ပါတယ်… File Size : (794 MB and 360 MB)  Quality : 720p HDRip Running Time : 1hr 51min Format : Mp4 Genre : Action Subtitle : Myanmar Subtitle (Hard Sub) Source : 720p HDRip Translated by Arrow Team Myitkyinar Encoded by Moe Myint Lwin

ဇာတ်လမ်းအကြောင်း