Man of Vendetta
ဂျူယောင်းဆူဟာ ဘုရားသခင်ကို နက်နက်ရှိုင်းရှိုင်း ယုံကြည်တဲ့ သင်းအုပ်ဆရာတစ်ယောက်ဖြစ်ပြီး ပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် သမီးဖြစ်သူ ဂျူဟယ်ရင်း ပြန်ပေးဆွဲခံလိုက်ရတဲ့နောက် သူ့ဘဝလည်း ပြောင်းလဲသွားတယ်။ သမီးကို ပြန်ရှာတွေ့ဖို့ နေ့ရောညပါ ဆုတောင်းရင်း ရှစ်နှစ်ကြာသွားပေမယ့် သမီးကို ပြန်မတွေ့ခဲ့ပါဘူး။ သမီးသေဆုံးသွားပြီလို့ ယုံကြည်ထားချိန်မှာတော့ ဂျူယောင်းဆူဆီ ဖုန်းတစ်ကောလ် ဝင်လာပါတယ်။ ဖုန်းဆက်လာသူက သမီးကို ပြန်လိုချင်ရင် ငွေသန်း ၄၀၀ ပေးရမယ်လို့ ခြိမ်းခြောက်လာတာပါ။ ရှစ်နှစ်လုံး ပျောက်ဆုံးနေတဲ့ သမီးအကြောင်း ပြန်ကြားရချိန်မှာ ဂျူယောင်းဆူတစ်ယောက် ဒီတောင်းဆိုမှုကို ဘယ်လိုရင်ဆိုင်မလဲဆိုတာနဲ့ ဇာတ်လမ်းဆက်သွားပါတယ်။ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အက်ရှင်နဲ့ သည်းထိတ်ရင်ဖို ရောစပ်ထားတဲ့ ဒရာမာဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း