Inbetween Worlds
ဂျာမန်စစ်သား ဂျက်စ်ပါရဲ့ ညီဖြစ်သူဟာ အာဖဂန်နစ္စတန်မှာ ကျဆုံးခဲ့ပါတယ်။ ဒါပေမယ့် ဂျက်စ်ပါကတော့ အဲဒီနိုင်ငံကို နောက်တစ်ကြိမ် တာဝန်ထမ်းဆောင်ဖို့ ပြန်ထွက်လာတယ်။ သူ့တာဝန်က ဒေသခံအာဘတ်ကီတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ရွာတစ်ရွာကို တာလီဘန်တွေရဲ့ရန်ကနေ ကာကွယ်ပေးဖို့ပါ။ အဲဒီမှာ သူ့စကားပြန် တာရစ်နဲ့ ရင်းနှီးလာပါတယ်။ ဂျာမန်စစ်တပ်အတွက် စကားပြန်လုပ်ပေးနေတာကြောင့် တာရစ်နဲ့ သူ့ညီမလေးဟာ တာလီဘန်တွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရတယ်။ တာရစ်တို့အဖြစ်ကို စာနာလာတဲ့ ဂျက်စ်ပါအတွက် တာရစ်ရဲ့ညီမ ဒုက္ခကြုံလာချိန်မှာ အထက်အမိန့်နဲ့ လူတစ်ယောက်ကို ကူညီလိုစိတ်ကြား ဆုံးဖြတ်ရဖို့ ဖြစ်လာပါတယ်။ အမိန့်ကို ဆန့်ကျင်ပြီး သူကယ်တင်နိုင်ပါ့မလားဆိုတာကို စစ်ပွဲနောက်ခံနဲ့ ပြထားတဲ့ ဒရာမာဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း