Dead Man Down
လွန်ခဲ့တဲ့နှစ်အနည်းငယ်က ရန်ကြွေးတစ်ခုကြောင့် ဗစ်တာဟာ အယ်လ်ဖွန်စေရဲ့ ဂိုဏ်းထဲကို အယောင်ဆောင်ဝင်ထားပါတယ်။ လမ်းတစ်ဖက်ခြမ်းမှာ နေပြီး သူ့ကို စောင့်ကြည့်နေတဲ့ ဘီးထရစ်စ်ဆိုတဲ့ ကောင်မလေးကတော့ သူကျူးလွန်တဲ့ မကောင်းမှုတစ်ခုကို မမျှော်လင့်ဘဲ မြင်သွားခဲ့တယ်။ ဗစ်တာက သူ့စိတ်ထဲ မတင်မကျဖြစ်နေရတဲ့ ကိစ္စတစ်ခုကို ဖြေရှင်းချင်လို့ ဘီးထရစ်စ်ကို ချဉ်းကပ်ပါတယ်။ ဘီးထရစ်စ်ဘက်ကလည်း သူလိုချင်တဲ့ လက်စားချေမှုကို ဗစ်တာက လုပ်ပေးနိုင်မလားဆိုတာ သိချင်နေတယ်။ ဒီလိုနဲ့ နှစ်ယောက်သား ချိန်းတွေ့ကြပြီး တစ်ယောက်ရဲ့ တကယ့်ရည်ရွယ်ချက်ကို တစ်ယောက် သိလာကြပါတယ်။ လက်စားချေချင်နေတဲ့ သူတို့နှစ်ယောက် အချင်းချင်း ကူညီနိုင်ကြမလား၊ ဗစ်တာကရော သူ့မိသားစုအတွက် လက်စားချေနိုင်ပါ့မလား။ ကြမ်းတမ်းတဲ့ ဗစ်တာနဲ့ သိမ်ငယ်နေရတဲ့ ဘီးထရစ်စ်တို့ကြားက သံယောဇဉ်ကလည်း သူတို့ရည်ရွယ်ချက်တွေကို အနှောင့်အယှက်ဖြစ်လာစေနိုင်မလားဆိုတာ ရှိနေပါတယ်။ လျှို့ဝှက်ဖုံးကွယ်ထားမှုတွေ၊ အားပြိုင်မှုတွေနဲ့ ဇာတ်ကွက်အလှည့်အပြောင်းတွေကို အက်ရှင်ခန်းတွေနဲ့ တွဲဖက်ထားတဲ့ ရာဇဝတ်မှုဒရာမာပါ။
ဇာတ်လမ်းအကြောင်း