ဇာတ်ကားများ ရွေးရန်

On the Fringe

2022ဇာတ်ကားအမှတ် 6.8/10103 မိနစ်

ဘဏ်ကြွေးကြောင့် နေအိမ်ကနေ နှင်ထုတ်ခံရတဲ့ မိသားစုတွေရဲ့အကြောင်းကို အခြေခံထားတဲ့ စပိန်ရုပ်ရှင်ပါ။ စပိန်မင်းသား Juan Diego Botto ရဲ့ ဒါရိုက်တာအဖြစ် ပွဲဦးထွက်လက်ရာဖြစ်ပြီး သူကိုယ်တိုင်နဲ့ Penélope Cruz တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းနောက်ခံမှာ အရင်အစိုးရက ဘဏ်တိုးနှုန်းသက်သာစွာနဲ့ ငွေချေးပေးမယ်လို့ ကြေညာထားတာကြောင့် အိမ်ပေါင်ပြီး ငွေချေးကြသူတွေ၊ သားသမီးအိမ်ဝယ်ဖို့ အာမခံပေးကြတဲ့ မိဘတွေ ရှိနေပါတယ်။ အစိုးရသစ်နဲ့ ဘဏ်စနစ်အသစ် ရောက်လာတဲ့အခါ အတိုးနှုန်းတွေ မြင့်တက်သွားပြီး ဘဏ်တွေက အတိုးကြွေးကို အကြောင်းပြကာ အိမ်တွေ သိမ်းယူလာကြတယ်။ ဒီလိုနဲ့ နေစရာအိမ်ဆုံးရှုံးရသူတွေ များလာပါတော့တယ်။ အိုးမဲ့အိမ်မဲ့ဖြစ်သွားသူတွေနဲ့ သူတို့ဘက်က ကူညီပေးနေတဲ့ ပရဟိတသမားတွေဟာ ဘဏ်တွေကို ပြန်လည်ရင်ဆိုင်ဖို့ ကြံကြပါတယ်။ ဒီအကြောင်းကို အခြေခံပြီး အိမ်ဆုံးရှုံးနေသူ၊ အရင်က ဆုံးရှုံးခဲ့ဖူးသူ၊ သူတို့ကို ကူညီနေသူတွေရဲ့ ဘဝတွေကိုလည်း ခွဲပြထားတယ်။ အခြေခံလူတန်းစားတွေရဲ့ အခက်အခဲ၊ ဘဏ်တွေရဲ့ ခေါင်းပုံဖြတ်မှုနဲ့ မျက်မှောက်ခေတ် စပိန်လူမှုဘဝ ပြဿနာတွေကို တွဲဖော်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း