Blue Gate Crossing
လင်ယွဲ့ကျန်းဟာ ကျောင်းက ရုပ်ချောတဲ့ကောင်လေး ကျန်းရှီးဟောင်ကို အရူးအမူး သဘောကျနေပါတယ်။ သူစွန့်ပစ်ထားတဲ့ စာအုပ်၊ ဘောလုံးနဲ့ အသုံးအဆောင်တွေကိုတောင် အမှိုက်ပုံးထဲက ကောက်ယူပြီး အိမ်မှာ စုထားတတ်တယ်။ ဒါပေမယ့် သူငယ်ချင်းဖြစ်ချင်တယ်ဆိုတာကိုတောင် မပြောရဲဘဲ တစ်ယောက်တည်း ကြိတ်ချစ်နေရတာပါ။ ဒီလိုနဲ့ အချစ်ဆုံးသူငယ်ချင်း မုန့်ခယ်ရုံဆီ အကူအညီတောင်းလိုက်ပါတယ်။ မုန့်ခယ်ရုံက ကြားကနေ အောင်သွယ်ပေးရင်း ကျန်းရှီးဟောင်နဲ့ လင်ယွဲ့ကျန်းတို့ကြားမှာ ဗျာများလာရတယ်။ တစ်နေ့မှာတော့ “ကျွန်မကို မနမ်းချင်ဘူးလား” လို့ အရဲစွန့်မေးလိုက်သူက မုန့်ခယ်ရုံ ဖြစ်နေပါတယ်။ ဒီစကားနောက်မှာ သူတို့သုံးယောက်ကြား ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို သဘာဝကျတဲ့ ရိုက်ချက်တွေနဲ့ ပုံဖော်ထားတဲ့ ထိုင်ဝမ် LGBT အချစ်ဒရာမာကားပါ။
ဇာတ်လမ်းအကြောင်း