ဇာတ်ကားများ ရွေးရန်

The Five Devils

2022ဇာတ်ကားအမှတ် 7.0/1096 မိနစ်

အသက်ရှစ်နှစ်အရွယ် ဗစ်ကီဟာ ရေကူးနည်းပြအမေနဲ့ မီးသတ်သမားအဖေတို့နဲ့ အတူနေပါတယ်။ အမေနဲ့ အလွန်ရင်းနှီးပြီး အမေမှအမေ ဖြစ်နေတဲ့ ကလေးပေမယ့် အမေမသိထားတဲ့ အကြောင်းနှစ်ခု ရှိတယ်။ တစ်ခုက ကျောင်းမှာ အလှောင်ခံနေရတာဖြစ်ပြီး နောက်တစ်ခုကတော့ ထူးခြားတဲ့ စွမ်းအားတစ်ခု ပိုင်ဆိုင်ထားတာပါ။ ဗစ်ကီက အနံ့တွေကို ခွဲခြားစုဆောင်းနိုင်ပြီး သူရွေးချယ်လိုက်တဲ့ အနံ့ကနေ ကာလတစ်ခုကို ပြန်ပုံဖော်နိုင်တယ်။ ရနံ့ထဲက အမှတ်တရတွေကို ပြန်ထုတ်ကြည့်နိုင်တဲ့ စွမ်းရည်မျိုးလို့ ဆိုနိုင်ပါတယ်။ တစ်နေ့မှာတော့ အဖေရဲ့ညီမဖြစ်သူ ရောက်လာတယ်။ ဗစ်ကီအတွက်တော့ ဒီအဒေါ်ရှိမှန်းတောင် အရင်က မသိခဲ့ပါဘူး။ အဒေါ်ရောက်လာပြီးနောက် ဗစ်ကီဟာ ရနံ့တွေကတစ်ဆင့် အမေရဲ့အတိတ်ထဲက အမှတ်တရတွေကို ထိတွေ့မိလာပါတယ်။ အဲဒီထဲမှာ လွမ်းဆွတ်စရာတွေရှိသလို ပြန်မဖော်သင့်တဲ့ အမှောင်ဘက်ခြမ်းလည်း ရှိနေတယ်။ ဒီဇာတ်ကားမှာ Blue Is the Warmest Colour ထဲက မင်းသမီး Adèle Exarchopoulos ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း