The Legend of Tarzan
တာဇံဟာ ဂျိန်းနဲ့လက်ထပ်ပြီး မိဘတွေရဲ့အမွေကို ဆက်ခံကာ အင်္ဂလန်မှာ ဂျွန် ကလေတန်အဖြစ် နေထိုင်နေပါပြီ။ တောထဲကဘဝနဲ့ ဝေးကွာပြီး လူကြီးလူကောင်းတစ်ယောက်အဖြစ် နေထိုင်နေချိန်မှာပဲ ဘာလင်ကွန်ဖရင့်အပြီး ကွန်ဂိုနယ်ကို သိမ်းပိုက်ထားတဲ့ ဘယ်ဂျီယံဘုရင် လီယိုပိုးဒ်က ဒေဝါလီခံရလုနီးပါး အခြေအနေကနေ လွတ်မြောက်ဖို့ နည်းလမ်းရှာနေပါတယ်။ တာဇံနဲ့ ဂျိန်းတို့ ကြီးပြင်းခဲ့ရာ အာဖရိက ဘွန်မာကို ပြန်လာကြတဲ့အခါ ဘုရင့်လူယုံ ရွမ်ရဲ့ အကြံအစည်ထဲမှာ ကြားညပ်သွားပြီး ဂျိန်းလည်း ဖမ်းဆီးခေါ်ဆောင်ခံလိုက်ရတယ်။ ဂျိန်းကို ပြန်ကယ်ဖို့အတွက် တာဇံဟာ သူ့ရဲ့မူလဗီဇနဲ့ စွမ်းအားတွေကို ပြန်အသုံးချပြီး ထောင်နဲ့ချီတဲ့ စစ်တပ်ကို ရင်ဆိုင်ဖို့ ကြိုးစားလာပါတယ်။ သူ့ရှေ့မှာ ရွမ်ရဲ့စစ်သားတွေသာမက ရန်သူဟောင်း မ်ဘွန်ဂါလည်း ရှိနေတယ်။ တစ်ချိန်က သူနဲ့အတူရှိခဲ့တဲ့ လူဝံအုပ်စုတွေကပါ သူ့ကို စွန့်ခွာသွားသူအဖြစ် သတ်မှတ်ထားတာကြောင့် သူတို့ကြားမှာလည်း ရုန်းကန်ရဦးမှာပါ။
ဇာတ်လမ်းအကြောင်း