The Spirit Puppet
သဘင်ပညာသည် ရှစ်ကျားဟာ ရုပ်သေးရုပ်တွေကို စူးစမ်းလေ့လာရတာ နှစ်သက်သူပါ။ တစ်နေ့မှာ အကြောင်းတိုက်ဆိုင်လို့ ရုပ်သေးရုပ်တစ်ရုပ်ကို တွေ့သွားပြီး ရှားပါးတဲ့လက်မှုပညာနဲ့ ပြုလုပ်ထားတဲ့ လက်ရာကို သဘောကျတာကြောင့် အိမ်ယူလာခဲ့တယ်။ ဒါပေမယ့် ရုပ်သေးရုပ်ကို ယူလာတဲ့နေ့မှာပဲ ရှစ်ကျား သေဆုံးသွားပါတယ်။ ရဲတွေက သူ့သေဆုံးမှုကို ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုအဖြစ် အမှုပိတ်ဖို့ လုပ်ကြပေမယ့် ဇနီးဖြစ်သူ ယွိပိကတော့ လက်မခံနိုင်ပါဘူး။ ခင်ပွန်းကို အလွန်ချစ်တဲ့ ယွိပိက အမှုမှန်ပေါ်အောင် စုံစမ်းပေးဖို့ စခန်းမှူးကို တောင်းဆိုတယ်။ စခန်းမှူးက မူလသတ်မှတ်ထားတဲ့အတိုင်းပဲ ဆက်သွားချင်နေပေမယ့် ယွိပိကို သနားသွားတဲ့ ရဲအရာရှိချောင်က အမှုကို လွှဲယူလိုက်ပါတယ်။ ချောင်နဲ့ ယွိပိတို့ ရှစ်ကျားရဲ့သေဆုံးမှုကို အတူလိုက်စုံစမ်းရင်း လွန်ခဲ့တဲ့ ဆယ်နှစ်က အရာရှိအိမ်တော်တစ်ခုမှာ ဖြစ်ခဲ့တဲ့အမှု ပြန်ပေါ်လာတယ်။ အဲဒီတုန်းက ရုပ်သေးရုပ်က လူသတ်တယ်ဆိုတဲ့ ပြောဆိုချက်ရှိခဲ့တာပါ။ လူတွေရဲ့ကြိုးဆွဲရာကို လှုပ်ရှားရတဲ့ ရုပ်သေးရုပ်က တကယ်ပဲ လူသတ်နိုင်သလား၊ ရှစ်ကျားရဲ့သေဆုံးမှုကရော အဲဒီအဖြစ်နဲ့ ပတ်သက်နေသလားဆိုတာ သူတို့ အဖြေရှာကြရတော့မယ်။
ဇာတ်လမ်းအကြောင်း