ဇာတ်ကားများ ရွေးရန်

Max Manus: Man of War

2008ဇာတ်ကားအမှတ် 7.1/10118 မိနစ်

နာဇီလက်အောက် ကျရောက်နေတဲ့ နော်ဝေနိုင်ငံ လွတ်မြောက်ရေးအတွက် မက်စ်မာနက်စ် ကြိုးပမ်းခဲ့ပုံကို ရိုက်ကူးထားတဲ့ ဇာတ်ကားပါ။ သူဟာ နော်ဝေလွတ်မြောက်ရေးကို ဦးဆောင်ခဲ့သူတွေထဲက တစ်ယောက်ဖြစ်ပြီး ဗြိတိန်နဲ့ နော်ဝေနိုင်ငံတို့က ချီးမြှင့်တဲ့ အမြင့်ဆုံးဆုတံဆိပ်တွေ ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ နာဇီတွေ နော်ဝေကို သိမ်းပိုက်လိုက်တဲ့သတင်းကြားတာနဲ့ မက်စ်ဟာ နော်ဝေကို ပြန်လာခဲ့တယ်။ အဲဒီမှာ ဂျာမနီရဲ့ ဂက်စတာပိုရဲတပ်ဖွဲ့က အုပ်ချုပ်နေပြီး မက်စ်တို့ဘက်မှာတော့ လူအင်အား မလုံလောက်ပါဘူး။ ဒါကြောင့် မြေအောက်စစ်ဆင်ရေးလုပ်ဖို့ ပြင်ဆင်ကြပြီး စကော့တလန်မှာ စစ်သင်တန်းသွားတက်ကာ အမိမြေကို ပြန်ရဖို့ ကြိုးစားကြပါတယ်။ လှုပ်ရှားမှုတွေ လုပ်ဆောင်ရင်း ဂက်စတာပိုရဲ့ ချောင်ပိတ်ဖမ်းဆီးမှုတွေကို အကြိမ်ကြိမ် ရင်ဆိုင်ရတယ်။ အဲဒီလို ဖမ်းဆီးမှုတွေကြားမှာ သူတို့ရဲ့စစ်ဆင်ရေးတွေကို ဘယ်လို ဆက်အကောင်အထည်ဖော်ကြမလဲဆိုတာ ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း