ဇာတ်ကားများ ရွေးရန်

Hotel by the River

2019ဇာတ်ကားအမှတ် 6.3/1096 မိနစ်

လူတွေဟာ အသက်ကြီးလာတဲ့ အခါမှာ အားငယ်စိတ်တွေက အလိုလို ဝင်တတ်ကြတယ် တစ်ခါတစ်လေကျရင် ကိုယ့်ကိုယ်ကိုယ် သေတော့မယ်လို့လည်း ထင်တတ်ကြပါတယ် ဒါဟာ ဘဝရဲ့နောက်ဆုံးအချိန်ပဲလို့ သတ်မှတ်လိုက်တဲ့လူတွေက အဲ့အချိန်လေးမှာ ဘာတွေလုပ်ကြမှာလဲ..... ဇာတ်လမ်းအကျဉ်း ယောင်းဟွမ်က ကဗျာဆရာတစ်ယောက်ဖြစ်ပါတယ် ဟန်မြစ်ဘေးက ဟိုတယ်တစ်ခုမှာ တည်းခိုရင်း ကဗျာလေးတွေရေးလေ့ရှိတယ် ယောင်းဟွမ်က အိမ်ထောင်ကွဲဖြစ်ပြီး သား ၂ ယောက်ကလည်း မိန်းမဖြစ်သူနဲ့အတူ ပါသွားခဲ့ပါတယ် ဟိုတယ်မှာ တည်းခိုနေရင်းနဲ့ နေ့တိုင်းလိုလိုမှာ ငါမကြာခင်သေတော့မယ်လို့ ခံစားလာရတယ် ဒါကြောင့်မို့လို့ သား ၂ ယောက်ကို သူ့ဆီလာခဲ့ဖို့ ဖုန်းဆက်ခေါ်ခဲ့ပါတယ် ယောင်းဟွမ်တစ်ယောက်ကရော သူ့ဘဝနဲ့ နောက်ဆုံးလို့ သတ်မှတ်ထားတဲ့အချိန်တွေမှာ ဘာတွေလုပ်မလဲဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုကြပါနော် ရုပ်ရှင်ပွဲတော်တွေမှာ ဆု ၆ ခု ရထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Seung ပါ ) Quality__B&W_720p IMDb Rating__6.7/10 Format__mp4 Duration__01:36:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Seung Encoded by Naing Aung Latt

ဇာတ်လမ်းအကြောင်း