ဇာတ်ကားများ ရွေးရန်

Brooklyn's Finest

2010ဇာတ်ကားအမှတ် 6.3/10133 မိနစ်

ရဲလုပ်သက်ရင့်ပြီး လူဂွစာတစ်ယောက်လည်းဖြစ်တဲ့ အက်ဒီ ဒူဂန် (Richard Gere) ဟာ အငြိမ်းစားယူဖို့ ပြင်ဆင်နေပါတယ်။ အငြိမ်းစားယူဖို့ တစ်ပတ်ပဲလိုတော့တဲ့အချိန်မှာ ဌာနရဲ့အစီအစဉ်အသစ်အတွက် တာဝန်ပေးခံရပြီး ရဲတပ်သားသစ်တစ်ယောက်ကို လေ့ကျင့်ပေးဖို့ သူနဲ့အတူ လှည့်ကင်းခေါ်ထွက်ရတယ်။ ကလဲရန့်စ် (Don Cheadle) ကတော့ ရုံးမှာပဲ အလုပ်လုပ်ရတဲ့ ရာထူးမျိုးကို တိုးချင်လို့ တန်ဂိုဆိုတဲ့ နာမည်ဝှက်နဲ့ မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုထဲ အသွင်ယူနေသူပါ။ ဒီအလုပ်ကြောင့် သူ့အိမ်ထောင်ရေးလည်း ပျက်ပြားသွားခဲ့တယ်။ ထောင်ထဲမှာ အသွင်ယူနေစဉ်က အသက်ကယ်ပေးခဲ့ဖူးတဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင် ကတ်ဇ်ကိုတော့ သူက မိတ်ဆွေရင်းချာလို သဘောထားနေပါတယ်။ ဒါပေမယ့် တစ်နေ့မှာ အထက်လူကြီးတွေက ကတ်ဇ်ကို ထောင်ထဲပြန်ရောက်အောင် လုပ်ဖို့ သူ့ကို တာဝန်ပေးလာတယ်။ မူးယစ်ရဲတပ်ဖွဲ့ဝင် ဆဲလ် (Ethan Hawke) မှာလည်း မိသားစုအတွက် ပူပန်နေရတဲ့ကိစ္စရှိပါတယ်။ လက်ရှိနေတဲ့အိမ်မှာ မှိုပြဿနာရှိပြီး ကိုယ်ဝန်ဆောင်ဇနီးကို ထိခိုက်လာတာကြောင့် အိမ်အသစ်ဝယ်ဖို့ ငွေစုနေတာပါ။ ရဲဝန်ထမ်းလစာက နည်းသလို ငွေပေးချေရမယ့်ရက်ကလည်း နီးလာပြီး အိမ်ရောင်းမယ့်သူက တောက်လျှောက်ဖုန်းဆက်မေးနေတယ်။ နောက်ဆုံးတော့ ဆဲလ်ဟာ မူးယစ်ဆေးဝါးဂိုဏ်းတွေကို ဝင်စီးချိန်မှာ တွေ့ရတဲ့ငွေတွေကို ခိုးယူဖို့ ကြိုးစားလာပါတယ်။ ဌာနမတူ၊ အချင်းချင်းလည်း မသိကြတဲ့ ဘရွတ်ကလင်းက ရဲသုံးယောက်ရဲ့ တစ်ပတ်တာကို လိုက်ပြထားတဲ့ ဇာတ်လမ်းပါ။ ဆဲလ်က လိုနေတဲ့ငွေကို ရှာနိုင်မလား၊ ကလဲရန့်စ်က သူလိုချင်တဲ့ရာထူးကို ရွေးမလား၊ ကတ်ဇ်ကိုရော ကယ်နိုင်မလား၊ ဒူဂန်က အငြိမ်းစားမယူခင် ဘာတွေ လုပ်ဖြစ်မလဲဆိုတာကို သူတို့အသီးသီးရဲ့ ပြဿနာတွေနဲ့အတူ ဆက်ပြထားတယ်။ ရဲဝန်ထမ်းတွေရဲ့ လစာနည်းပါးမှုအပြင် လူမျိုးရေးခွဲခြားမှု၊ လာဘ်စားမှု၊ ရာဇဝတ်မှုနဲ့ မူးယစ်ဂိုဏ်းတွေကြားက ပြဿနာတွေကိုလည်း ထည့်သွင်းထားပါတယ်။

ဇာတ်လမ်းအကြောင်း