ဇာတ်ကားများ ရွေးရန်

Arrest The Wicked

2022ဇာတ်ကားအမှတ် 3.0/1074 မိနစ်

ကျားဖောင်က သူ့စားသောက်ဆိုင်လေးကို တိုးချဲ့ချင်လို့ ငွေတိုးချေးလုပ်ငန်းတစ်ခုဆီက ငွေချေးလိုက်ပါတယ်။ ဒါပေမဲ့ အဲဒီလုပ်ငန်းဟာ ဘယ်ကရလာမှန်းမသိတဲ့ ငွေတွေနဲ့ လည်ပတ်နေပြီး ချေးယူသူတွေ ရုန်းမထွက်နိုင်အောင် အတိုးပေါ်အတိုးဆင့်တဲ့ လှည့်ကွက်တွေ ဆင်ထားတာပါ။ ကျားဖောင်လည်း အကြွေးတွေ ပိလာရာကနေ အသက်အန္တရာယ်ရှိတဲ့အထိ ရောက်လာတယ်။ အဲဒီအချိန်မှာ ဟောင်ကောင်ဘားတစ်ခုမှာ အလုပ်လုပ်တဲ့ ဟောက်ဇီက လမ်းခွဲကြေး သုံးသိန်းရထားပြီး ကြီးပွားဖို့ စိတ်ကူးနဲ့ ကျားဖောင်ဆီ ရောက်လာပါတယ်။ ကျားဖောင်က သူ့ကို လုပ်ငန်းအဖော်အဖြစ် လိုလိုလားလား ကြိုဆိုတော့ ဟောက်ဇီလည်း ဝမ်းသာသွားတယ်။ ဒါပေမဲ့ ကျားဖောင်က စားသောက်ဆိုင်ကို သူ့ဆီလွှဲပြီး ထွက်ပြေးသွားတဲ့အခါ ငွေတိုးချေးသူတွေကို ပြန်ဆပ်ရမယ့်သူက ဟောက်ဇီ ဖြစ်သွားပါပြီ။ နေ့ချင်းညချင်း ဆိုင်ရှင်ဘဝကနေ အကြွေးထူသူဖြစ်သွားတဲ့ ဟောက်ဇီဟာ အတိတ်မေ့နေတဲ့ လူနာတစ်ယောက်နဲ့ ဆုံမိပါတယ်။ ကျားဖောင်ရော တကယ် လွတ်အောင် ပြေးနိုင်မှာလား။ ဟောက်ဇီကရော ဒီအကြွေးတွေကြားက ဘယ်လို ရုန်းထွက်မလဲ၊ ဒါမှမဟုတ် ကျားဖောင်လိုပဲ တခြားတစ်ယောက်ဆီ အကြွေးလွှဲပေးဖို့ လုပ်မလား။

ဇာတ်လမ်းအကြောင်း