ဇာတ်ကားများ ရွေးရန်

Any Given Sunday

1999ဇာတ်ကားအမှတ် 6.8/10162 မိနစ်

ကပ္ပတိန်ရွန်းနီဟာ ဂန္ထဝင်ကစားသမားတစ်ယောက်ဖြစ်ပေမယ့် အသက်အရွယ်ကြောင့် ခန္ဓာကိုယ်က အရင်လို မစွမ်းဆောင်နိုင်တော့တာကို လက်မခံချင်သူပါ။ တစ်ဖက်မှာတော့ မမျှော်လင့်ထားတဲ့ အခွင့်အရေးတစ်ခုကြောင့် နေ့ချင်းညချင်း အောင်မြင်လာတဲ့ တက်သစ်စကစားသမား ဝီလီဘီးမန်း ရှိနေတယ်။ ရုတ်တရက် ရလာတဲ့ အောင်မြင်မှုနောက်မှာ ဝီလီက အောက်ခြေလွတ်လာပြီး ဒီနှစ်ယောက်ကို ဗဟိုပြုလို့ အသင်းအတွင်း ပဋိပက္ခတွေ ဖြစ်လာပါတယ်။ နည်းပြဒါမားတိုးကတော့ အဲဒီပြဿနာတွေကို တတ်နိုင်သမျှ လိုက်ဖြေရှင်းနေရတယ်။ အသက်ကြီးလာတာနဲ့အမျှ ဘဝက ကိုယ့်ပိုင်ဆိုင်မှုတွေကို တဖြည်းဖြည်း ယူသွားတယ်ဆိုတဲ့ နည်းပြဒါမားတိုးရဲ့ စကားဟာ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို အားကိုးပြီး အသက်မွေးရတဲ့ ကစားသမားတွေရဲ့ အခြေအနေနဲ့ ဆက်စပ်နေပါတယ်။ ရွန်းနီ၊ ဝီလီနဲ့ ဒါမားတိုးတို့ သုံးယောက်ကို အခြေခံပြီး အမေရိကန်ဘောလုံးလောကထဲက လူတွေရဲ့ဘဝကို ပြထားတာပါ။ အောင်မြင်လာချိန်မှာ စရိုက်ပြောင်းလဲသွားမှုတွေ၊ အကျဘက်ကို ရောက်လာမှာကို ကြောက်ရွံ့မှုတွေနဲ့ အားကစားလောကအပေါ် ဓနရှင်တွေရဲ့ ခြယ်လှယ်မှုတွေကြားက ကစားသမားတွေအကြောင်းကို အဓိကထား ရိုက်ကူးထားပါတယ်။

ဇာတ်လမ်းအကြောင်း