The Trade
အဲရစ်ခ်ဟာ ပြန်ပေးဆွဲလူသတ်တဲ့ အဖွဲ့တစ်ဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ပြီး နိုင်ဂျီးရီးယားနိုင်ငံ၊ လာဂိုစ်ပြည်နယ်မှာ နှစ်ပေါင်းများစွာ အကြမ်းဖက်နေသူပါ။ သူပစ်မှတ်ထားသူတွေက ချမ်းသာသူတွေ၊ ဒါမှမဟုတ် သူ့အမြင်မှာ ချမ်းသာတယ်လို့ ယူဆရသူတွေ ဖြစ်တတ်တယ်။ ဖမ်းခေါ်သွားတဲ့ ဓားစာခံတစ်ယောက်အတွက် အမေရိကန်ဒေါ်လာတစ်သန်း တောင်းပြီး ပြန်မရွေးနိုင်ရင် မညှာမတာ သတ်ပစ်ပါတယ်။ အဲရစ်ခ်ဆိုတာတောင် နာမည်အတုဖြစ်ပြီး သူ့နာမည်အရင်းကို အဖွဲ့သားတွေအပြင် သူ့မိန်းမတွေနဲ့ သားသမီးတွေပါ မသိကြဘူး။ ဆင်းမ်ကတ်တစ်ခုကို နံပါတ်တစ်ခုဆီ တစ်ကြိမ်ခေါ်ဖို့ပဲ သုံးပြီး သီးသန့်နံပါတ်တွေနဲ့ ဆက်သွယ်တတ်တဲ့အတွက် သူ့ကို ခြေရာခံဖို့ ခက်နေပါတယ်။ ဖြောင့်မတ်ပြီး အရည်အချင်းရှိတဲ့ စုံစမ်းရေးမှူး အဘူကာက သူ့ကို ဖမ်းမိဖို့ အတော်နီးစပ်ခဲ့ဖူးတယ်။ ဒါပေမဲ့ အဲရစ်ခ်ရဲ့ သတိကြီးမှု၊ အထက်အမိန့်ကို မလွန်ဆန်နိုင်မှုနဲ့ စုံစမ်းရေးအတွက် အရင်းအမြစ် မလုံလောက်မှုတွေကြောင့် လွဲချော်ခဲ့ရပါတယ်။ ဒီတစ်ကြိမ်မှာတော့ ရှိတဲ့သဲလွန်စတွေကို အဘူကာ ဘယ်လို ဆက်စပ်ဖော်ထုတ်သွားမလဲ။ ဒါရိုက်တာ Jadesola Osiberu ရိုက်ကူးထားတဲ့ အင်္ဂလိပ်စကားပြော နိုင်ဂျီးရီးယားမှုခင်းဇာတ်ကားဖြစ်ပြီး လူတွေကို ပြန်ပေးဆွဲ၊ လူကုန်ကူးတဲ့ ရာဇဝတ်ကောင်တစ်ယောက်အကြောင်းကို ဖြစ်ရပ်မှန်တချို့အပေါ် အခြေခံထားပါတယ်။
ဇာတ်လမ်းအကြောင်း