ဇာတ်ကားများ ရွေးရန်

Water and Fire

2013ဇာတ်ကားအမှတ် 7.9/10113 မိနစ်

Water and Fire(2013) လူတစ်ယောက်ရဲ့ မျက်ဝန်းတွေကိုကြည့်ပြီး ကဗျာဖွဲ့နိုင်လောက်တဲ့အထိ ချစ်ဖူးကြလား?? "ငါက လေထဲကအမှုန်အမွှားလေးပါ လေတစ်ချက်ဝှေ့လိုက်ရင် တိမ်တွေပေါ်ရောက်သွားတယ် ​မိုးအဖြစ်နဲ့ပြန်ရွာချတဲ့အခါ မြေပြင်ပေါ်ကတစ်နေရာမှကျလာတယ် ကံကြမ္မာရဲ့ အကျဉ်းသားပေါ့ အမှုန်အမွှားလေးတစ်ခုသာဖြစ်လို့ ဘာမဆိုရင်ဆိုင်ရဲပါတယ်" ဒါကတော့ အကြည့်ချင်းဆုံဖို့အရမ်းရှက်တတ်တဲ့ကောင်မလေးတစ်ယောက်ရဲ့မျက်ဝန်းတွေကိုကြည့်ပြီး ဖွဲ့ထားတဲ့ကဗျာပါ ကောင်မလေးရဲ့ အသံချိုချိုလေးတွေအောက်မှာကျရှုံးဖို့ သူ့ကိုယ်သူခွင့်ပြုမိလိုက်တဲ့ လူတစ်ယောက်ရဲ့ကဗျာ..... ချစ်ခြင်းတရားဆိုတာ သိပ်ကိုဆန်းကြယ်တယ်မလား ဘာအကြောင်းပြချက်မှမရှိဘဲ သူဖြစ်နေလို့ကိုချစ်မိသွားတာပါဆိုတဲ့ ချစ်သူနှစ်ဦးအတွက် နှစ်နှစ်ကာကာချစ်နေတဲ့အချိန်ရောက်မှ ပေါ်ပေါက်လာတဲ့ အကြောင်းတရားတစ်ခုက သူတို့အချစ်တွေကို ဖျောက်ဖျက်ပစ်နိုင်ပါ့မလား??? ပူလောင်တဲ့အချစ်နဲ့ပိုင်ဆိုင်ဖို့ကြိုးစားခဲ့တဲ့သူအတွက်ကရော ​အချိန်ကြာလာရင် ငါ့ကိုချစ်လာမှပါဆိုတဲ့အတွေးက ရာနှုန်းပြည့်မှန်နိုင်ပါ့မလား??? Water and Fire ဆိုတဲ့နာမည်လေးအတိုင်းပဲ ဆန့်ကျင်ဘက်ကမ္ဘာက လူနှစ်ယောက်ရဲ့ နက်ရှိုင်းလှတဲ့ အချစ်တွေကိုဖော်ကျူးထားတာပါ ခပ်ဆွေးဆွေး Romantic ဇာတ်ကားကြည့်ရှူချင်တဲ့သူအတွက် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးလို့ ပြောပါစေ.... Translated and Reviewed by : Amelia Encoded by : YK File Size : 1.15GB Quality : 720p BLu-Ray DDP 5.1 Duration : 1h 53min

ဇာတ်လမ်းအကြောင်း