ဇာတ်ကားများ ရွေးရန်

ACT-1978

2020ဇာတ်ကားအမှတ် 1.0/10127 မိနစ်

ACT 1978 (2020) " ဆရာ. . . အကျိုးဆောင်ခ(ကော်မရှင်ခ)လေးပါ ..... " ဒီလိုမျိုး ပုဒ်မလေး နဲ့မှ အလုပ်လုပ်တတ်တဲ့ အစိုးရဝန်ထမ်းတွေကို ကြုံဖူးကြတယ် မဟုတ်လား? မနက်ကို နောက်ကျမှလာ ညနေကိုအစောကြီးပြန်။ အလုပ်ကျတော့ကောင်းကောင်းမလုပ် အကျိုးဆောင်ခပဲ မျှော်ကိုးနေပြီး တာဝန်ကိုအလွဲသုံးစားလုပ်ကြတဲ့ အစိုးရဝန်ထမ်းတွေကို ပညာပေးထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ခုပါ လောကဓံကို အန်တုရင်ဆိုင်နေရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးလေး ဂီသာ ။ ဖခင်လည်းဆုံး ခင်ပွန်းသည်လည်း ဆေးရုံမှာမြောနေတာမို့ ဖခင်လယ်သမားကြီးရဲ့ နစ်နာကြေးနဲ့မှ အသက်ရှုချောင်နိုင်မယ့် ဂီသာ တစ်ယောက် လယ်သမားသက်သာချောင်ချိရေးဌာနကိုသွားပြီး နစ်နာကြေးတောင်းခံလွှာ တင်ခဲ့ပါတယ်။ စစချင်း ဆောက်နဲ့ထွင်းသလို အကျိုးဆောင်ခ တောင်းလိုက်တဲ့ စာရေးကြောင့် အောင့်သက်သက်ဖြစ်ရပေမယ့်လည်း လာဘ်ပေးလာဘ်ယူကိုမုန်းတဲ့ ဂီသာ တစ်ယောက် နည်းလမ်းကျကျနဲ့ နစ်နာကြေးကို ရယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဗိုက်တောင်မထွက်သေးတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးက မွေးဖွားခါနီးသည်အထိ နစ်နာကြေးမရလာတဲ့အခါ. . . ဂီသာ တစ်ယောက် ဗုံးတစ်လုံးကို ခန္ဓာကိုယ်မှာပတ် အစိုးရဌာနထဲကိုဝင်ပြီး အဂတိလိုက်စားနေတဲ့ အစိုးရဝန်ထမ်းများအား သူမအတွက်၊ ပြည်သူတွေအတွက် တရားမျှတမှုကိုပြန်လည် တောင်းခံပါတော့တယ်. . . ဇာတ်လမ်းရဲ့ အစ အလယ် အဆုံး ဒိုင်ယာလော့ကောင်းကောင်း ဇာတ်လမ်းထိထိမိမိနဲ့ အပြင်လောကသဘာဝနဲ့တူအောင် ရိုက်ပြထားတဲ့ ကားကောင်းလေးတစ်ကားမို့ ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါတယ်ဗျာ။ IMDb - 7.9/10 ရရှိထားပါတယ် Review ကိုတော့ JoJoVa က ရေးသားပေးထားပြီး ဘာသာပြန်ထားတာကတော့ Thinzar Htet, Shwe Pyae နဲ့ JoJoVa တို့ပဲ ဖြစ်ကြပါတယ်။ File size… 1.7 GB and 905 MB Quality….WEB-DL 1080p and 720p Format…mp4 Duration…. 2hr 7 min Subtitle….Myanmar Subtitle (Hardsub) Translator ..... Thinzar Htet, Shwe Pyae, JoJoVa Encoder ..... August

ဇာတ်လမ်းအကြောင်း