Hunger
အွိုင်ဟာ မျိုးရိုးစဉ်ဆက် လုပ်ကိုင်လာတဲ့ မိသားစုခေါက်ဆွဲဆိုင်ကို ဆက်ခံရမယ့် မိန်းကလေးတစ်ယောက်ပါ။ သူ့အတွက်တော့ ရပ်ကွက်ထဲက ခေါက်ဆွဲဆိုင်လေးမှာပဲ တစ်သက်လုံး ချက်ပြုတ်နေရတာထက် ပိုကြီးတဲ့ အိပ်မက်ရှိတယ်။ ဒါပေမဲ့ မောင်နှမတွေထဲမှာ ဆိုင်ကို လက်လွှဲယူနိုင်လောက်အောင် ချက်ပြုတ်တတ်သူ မရှိသလို သူကလည်း သမီးအကြီးဆုံးဖြစ်နေလို့ ရွေးချယ်စရာ နည်းနေပါတယ်။ ဟန်ဂါစားသောက်ဆိုင်က အငယ်တန်းစားဖိုမှူး တုန်းက အွိုင်ရဲ့ အရည်အချင်းကို သတိထားမိပြီး စားဖိုမှူးလောကထဲ ခေါ်သွင်းပေးလာတယ်။ ဒီလိုနဲ့ ရပ်ကွက်ဆိုင်မှာပဲ ချက်ပြုတ်ခဲ့တဲ့ အွိုင်ဟာ ဟန်ဂါရဲ့ပိုင်ရှင်လည်းဖြစ်၊ အပြောအဆိုကြမ်းတမ်းလို့ နာမည်ကြီးသူလည်းဖြစ်တဲ့ စားဖိုမှူးပေါလ်ရဲ့ လက်အောက်မှာ အလုပ်လုပ်ဖို့ ဖြစ်လာပါတယ်။ ဇွဲကောင်းပြီး အရှုံးမပေးတတ်တဲ့ အွိုင်အဖြစ် Aokbab Chutimon က သရုပ်ဆောင်ထားပါတယ်။ အွိုင်က ကိုယ့်အရည်အချင်းကို သက်သေပြချင်သလို နာမည်ကျော်စားဖိုမှူးတစ်ယောက်လည်း ဖြစ်ချင်နေတယ်။ ပေါလ်ရဲ့လက်အောက်မှာ သူ ဘာတွေ ကြုံရမလဲ၊ အိပ်မက်ကို တကယ် အကောင်အထည်ဖော်နိုင်မလား၊ အောင်မြင်မှုကို ပိုတောင့်တလာချိန်မှာ ပေးဆပ်ရမယ့်အရာတွေကိုရော လက်ခံနိုင်ပါ့မလား။ ဒီထိုင်းဇာတ်ကားမှာ အထက်လူကို ဖားပြီး အောက်လူကို ဖိနှိပ်တဲ့ ပြဿနာတွေ၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်း မနာလိုမှုတွေနဲ့ လူတန်းစားကွာဟမှုကြားက ပဋိပက္ခတွေကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း