April 9th
၁၉၄၀ ခုနှစ် ဧပြီလ ၉ ရက်နေ့ မနက်အစောပိုင်းမှာ ဥရောပ၌ အင်အားကြီးထွားလာတဲ့ ဖက်ဆစ်ဂျာမန်တပ်တွေက ဒိန်းမတ်နယ်စပ်ကို ဖြတ်ကျော်ဝင်လာပါတယ်။ ဂျာ့လန်ကျွန်းစွယ်တောင်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားလာပြီး အင်အားနဲ့ လက်နက်အရာမှာ အများကြီး ကွာနေတဲ့ ဒိန်းမတ်တပ်တွေက ခုခံကြရတယ်။ တင့်ကားတွေ၊ သံချပ်ကာယာဉ်တွေ၊ မော်တာတွေနဲ့ ဝင်လာတဲ့ ဂျာမန်တပ်ကို ရင်ဆိုင်ဖို့ ဒိန်းမတ်ဘက်က ခုခံတပ်တွေဆီမှာ စက်သေနတ်လောက်ပဲ အားကိုးစရာရှိနေပါတယ်။ ရှေ့ဆုံးက ခံစစ်ဖွင့်ရသူတွေထဲမှာ မော်တော်ဆိုင်ကယ်တပ်စုတွေ ပါသလို ဇာတ်လမ်းက အဓိကပြထားတဲ့ နယ်စပ်စောင့်တပ်စုလေးကတော့ စက်ဘီးတွေနဲ့ သွားလာရတာပါ။ သူတို့တာဝန်က စစ်ကူတွေ မရောက်မချင်း ရန်သူကို ခံတိုက်ထားဖို့ ဖြစ်ပါတယ်။ အင်အားချင်း မယှဉ်နိုင်မှန်း သိပေမယ့် တပ်စုလေးက တိုက်ပွဲဝင်ကြရတယ်။ ဗိုလ်ကြီးရဲ့ နေရာချထားမှုနဲ့ စစ်ရေးနည်းဗျူဟာတွေအတိုင်း တိုက်သင့်ချိန်တိုက်၊ ဆုတ်သင့်ချိန်ဆုတ်ရင်း ဒီစက်ဘီးတပ်စုက ဘယ်အချိန်အထိ တောင့်ခံနိုင်မလဲဆိုတာကို ပြထားတဲ့ ဒိန်းမတ်စစ်ကားပါ။
ဇာတ်လမ်းအကြောင်း